၅ လသားအရွယ် ကလေးငယ် အမေရိကန် လမ်းပေါ်တွင် သေနတ်မှန်သေဆုံးမှုကြောင့် ပြည်သူအများ ဒေါသထွက်

2022-06-28 18:56:52
အရင်းအမြစ်:新华网

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် ကျောင်းသားကျောင်းသူများက ကျည်ကာအင်္ကျီဝတ်ဆင်၍ သေနတ်ထိန်းချုပ်ရေးဥပဒေပြဌာန်းရေး ဆန္ဒပြနေသည်ကို ဇွန် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ချီကာဂိုမြို့ လမ်းပေါ်တွင် ဇွန် ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ၅ လအရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ထိမှန်သေးဆုံးသွားခဲ့ကြောင်း သိရသည်။သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်သည် ၁၈ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ကြောင်း၊ သေနတ်သမားသည် ကားတစ်စီးပေါ်မှ နေ၍ ပစ်ခတ်ခဲ့ရာ အခြားကားပေါ်ရှိ မွေးကင်းစကလေးငယ် Cecilia Thomas၏ ခေါင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကလေးငယ်အား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း အသက်သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်များကို ကိုးကား၍ အမေရိကန်မီဒီယာများက ဇွန် ၂၅ တွင် ဖော်ပြထားသည်။ အခြားတတိယမော်တော်ယာဉ်ပေါ်က အမျိုးသားတစ်ဦးလည်း သေနတ်ထိမှန်ခဲ့ရာ မျက်စိအနီးတစ်ဝိုက်ဒဏ်ရာရရှခဲ့ကြောင်းနှင့် ဒဏ်ရာ၏အခြေအနေတည်ငြိမ်ကြောင်း ဆိုသည်။

ယင်းသေနတ်ပစ်ခတ်မှု၏ အသေးစိတ်အခြေအနေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးသလို မည်သည့်သံသယတရားခံကိုမျှ ဖမ်းဆီးထားခြင်း မရှိသေးကြောင်း သိရသည်။

ဖောက်စ်သတင်းချန်နယ်(FNC) ထုတ်လွှင့်သော ရုပ်သံဗွီဒီယိုတွင် လမ်းဘေး၌ရပ်ထားသော ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်များက ကြိုးတားထားပြီး ကားနောက်ပိုင်းတွင် ကျည်ဆန်ထိမှန်သော အပေါက်အရာများကို တွေ့ရကြောင်း တင်ဆက်ထားသည်။

အပြစ်မဲ့ မွေးကင်းစ သမီးငယ်လေး သေနတ်ထိမှန်ခဲ့သည့် ဤအမှုသည် “ရှက်ရွံ့ စက်ဆုပ်ဖွယ်ကောင်း”ရသည့် ဖြစ်ရပ် ဖြစ်ပြီး တရားခံဖမ်းဆီးရေး တစ်မြို့လုံးကပြည်သူများကူညီသင့်ကြောင်း ချီကာဂိုမြို့ အကြမ်းဖက်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ Andrew Holmesက မီဒီယာများကို ပြောသည်။ ချီကာဂို မြို့တော်ဝန် ကိုယ်စားလှယ်လောင်း Ja’Mal Greenက သံသယတရားခံ၏အချက်အလက်များအတွက် ဆုကြေး ကန်ဒေါ်လာ ၅,၀၀၀ပေးမည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် သေနတ်အသုံးပြုမှုများပြားရာ သေနတ်က လူ၏အရေအတွက်ထက် များပြားနေပြီး မကြာခဏဆိုသလို သေနတ်ပစ်မှုများ ဖြစ်ပွားလျက်ရှိသည်။ Gun Violence Archiveဝက်ဘ်ဆိုက်၏ စရင်းကိန်းဂဏန်းများအရ သေနတ်ကိုင်အကြမ်းဖက်မှုကြောင့် အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင် အသက်ဆုံးရှုံးရသူ ၂၁,၀၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ချီကာဂိုမြို့သည် အမေရိကန်နိုင်ငံ အီလီနွိုင်းပြည်နယ်တွင် တည်ရှိပြီး ယခုနှစ်များတွင် “လူသတ်လုပ်ကြံမှုမြို့”နှင့်”ရာဇဝတ်မှုမြို့”အဖြစ် နာမည်တွင်ခဲ့သည်။ ရဲဘက်ဆိုင်ရာ အချက်အလက်များအရ ယင်းမြို့၌ ၂၀၂၁ ခုနှစ်က သေနတ်ပစ်ခတ်မှု ၃,၅၁၆ ခု ရှိပြီး လူသတ်မှုသည် ၁၉၉၆ ခုနှစ်နောက်ပိုင်း အများဆုံးအဖြစ် ၇၉၇ ခု ရှိကြောင်း သိရသည်။ ယခုလ ၁၉ ရက်အထိ ချီကာဂို၌ ယခုနှစ်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု ၁,၁၄၈ ခု ၊ လူသတ်မှု ၂၈၂ မှု ရှိကြောင်း သိရသည်။ (Xinhua)

၅ လသားအရွယ် ကလေးငယ် အမေရိကန် လမ်းပေါ်တွင် သေနတ်မှန်သေဆုံးမှုကြောင့် ပြည်သူအများ ဒေါသထွက်