တရုတ်နိုင်ငံ၏ လမ်းဖောက်လုပ်တည်ဆောက်မှု ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းထားနိုင်ဟု ဆို

2022-06-29 13:45:13
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ချူရှုန်-တာ့လီ အမြန်လမ်းသစ်အား မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ် ပထမ ၅ လတာကာလအတွင်း အဝေးပြေးလမ်းများ၊ နိုင်ငံနှင့်ပြည်နယ်ချင်းချိတ်ဆက်သော အမြန်လမ်း စီမံကိန်း ၁၂၀ ကို တည်ဆောက်မှုကို စတင်ခဲ့ရာ လမ်းတည်ဆောက်မှုအရှည် စုစုပေါင်း ကီလိုမီတာ ၃,၆၀၀ ကျော်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှုတန်ဖိုး ယွမ် ၁၈၂ ဘီလီယံ (ကန်ဒေါ်လာ ၂၇ ဘီလီယံခန့်) ရှိကြောင်းနှင့် နိုင်ငံတစ်ဝန်း အဝေးပြေးလမ်းများ တည်ဆောက်မှုမှာ ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းထားနိုင်ကြောင်း တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး ကျောက်ချုံးကျိုက ပြောကြားခဲ့သည်။

မေလကုန်ပိုင်းအထိ တည်ဆောက်နေဆဲနှင့် ပြန်လည်တည်ဆောက်သည့် အဝေးပြေးလမ်းများနှင့် အဝေးပြေးလမ်းမကြီး စီမံကိန်း ၂,၀၀၀ ကျော် ရှိရာ ကျေးလက်လုပ်သားများအတွက် အလုပ်အကိုင် နေရာ ၄ သန်းကျော် ဖန်တီးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

စီးပွားရေးတည်ငြိမ်စေရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ခြင်းနှင့်အတူ တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စီးပွားရေးတိုးတက်မှုတည်ငြိမ်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေး၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်နှစ်ဝက်တွင် အဓိကအဝေးပြေးလမ်းမကြီးများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကျောက်ချုံးကျိုက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ၏ လမ်းဖောက်လုပ်တည်ဆောက်မှု ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းထားနိုင်ဟု ဆို