“ကြွေးမြီထောင်ချောက်” ဖန်တီးခြင်းအတွက် အမေရိကန်က တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆို

2022-06-29 13:46:34
အရင်းအမြစ်:新华网

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၀ ရက်က သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) ကို ကြွေးမြီထောင်ချောက်ဟု ခေါ်ဆိုခြင်းမှာ မှားယွင်းသောဖော်ပြချက်ဖြစ်ပြီး “ကြွေးမြီထောင်ချောက်” ဖန်တီးခြင်းအတွက် တာဝန်ယူရမည့်သူမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၂၇ ရက်၌ ပြေကြားခဲ့သည်။

BRI အား အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောဆိုခြင်းအပေါ် ကျောက်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ တုံ့ပြန်ရာတွင် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“BRI ကြွေးမြီထောင်ချောက် လို့ ခေါ်ဆိုတာက မှားယွင်းတဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်” ဟု ကျောက်က ဆိုသည်။

လွန်ခဲ့သော ၉ နှစ်က BRI ကို စတင်ချိန်မှစ၍ ကျယ်ပြန့်သော ဆွေးနွေးညှိနှိုင်းမှုစည်းမျဉ်းစည်းကမ်း၊ ပူးပေါင်းကူညီမှုများကို လိုက်နာခဲ့ပြီး မိတ်ဖက်နိုင်ငံများနှင့် ၎င်းတို့၏ ပြည်သူများထံ အကျိုးကျေးဇူးများ မျှဝေခြင်း၊ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများကို ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ အကယ်၍ BRI သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဆောင်ရွက်နိုင်မည်ဆိုပါက BRI အနေဖြင့် ကမ္ဘာကြီးအတွက် အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ သို့မဟုတ် ကမ္ဘာ့ ဂျီဒီပီ၏ ၁.၃ ရာခိုင်နှုန်း ဝင်ငွေရရှိစေလိမ့်မည်ဖြစ်ကြောင်း သိရသည်။ ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် မိတ်ဖက်နိုင်ငံများထံသို့ စီးဝင်သွားမည်ဖြစ်ကြောင်း ကျောက်က ဆိုသည်။

BRI သည် ၂၀၁၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ ပြည်သူ ၇.၆ သန်းကိုလည်းကောင်း၊ အသင့်အတင့် ဆင်းရဲနွမ်းပါးမှုမှ ပြည်သူ ၃၂ သန်းကိုလည်း မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ၎င်းက ပြောခဲ့သည်။

“တကယ်တော့ BRI ရဲ့ ဘယ်မိတ်ဖက်ကမှ ‘ကြွေးမြီထောင်ချောက်’ အမည်ခံစွပ်စွဲချက်ကို သဘောမတူကြပါဘူး။ အဲဒီအစား အမေရိကန်နိုင်ငံကသာ ‘ကြွေးမြီထောင်ချောက်’ ဖန်တီးခြင်းကို တာဝန်ယူရမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကြီးကြပ်မှုပေါ့လျော့ခြင်းနှင့် အန္တရာယ်ရှိသော အကြွေးရောင်းချမှုများဖြင့် အမေရိကန်နိုင်ငံ၏ တိုးချဲ့ငွေကြေးမူဝါဒများ၊ ဘဏ္ဍာရေးတီထွင်ဆန်းသစ်မှုသည် ကြွေးမြီဝန်ထုပ်ဝန်ပိုးရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအား ဖိစီးမှုဖြစ်စေပြီး အချို့သောနိုင်ငံများအား ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းစေသည့် အကြောင်းအရင်းလည်းဖြစ်ကြောင်း ကျောက်က ပြောခဲ့သည်။

G7 မှ တင်ပြထားသော အဆိုပြုချက်အသစ်နှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ မြှင့်တင်သည့် အဆိုပြုချက်များအားလုံးကို အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း၊ ယင်းအဆိုပြုချက်များကို တစ်နိုင်ငံနှင့် တစ်နိုင်ငံက ဖျက်သိမ်းရမည်မဟုတ်ကြောင်း ကျောက်က ဆိုသည်။

“ပထဝီနိုင်ငံရေး တွက်ချက်မှုကို အဆင့်မြှင့်တင်ဖို့နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး အမည်တပ်ပြီး BRI ကို သွားပုပ်လေလွင့် စွပ်စွဲဖို့ အပြောင်းအလဲတွေကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“ကျွန်တော် လွန်ခဲ့တဲ့တစ်နှစ်အကြာက သတိပြုမိခဲ့ပါတယ်။ အမေရိကန်က B3W အဆိုပြုချက်ကို တင်ပြခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ကျွန်တော်လည်း ရှိခဲ့ပါတယ်။ အမေရိကန်က BRI နဲ့ မတူညီတဲ့ နည်းလမ်းမှာ ဖွံဖြိုးဆဲ ကမ္ဘာ့အခြေခံအဆောက်အအုံကို ကတိပြုထားတာဖြစ်ပါတယ်။ B3W လား သို့မဟုတ် အခြားအဆိုပြုချက်တစ်ခုခုလား တစ်ခုခုကိုတော့ ကမ္ဘာကြီးအနေနဲ့ ပြည်သူတွေအတွက် မှန်ကန်စွာပေးအပ်မယ့် စစ်မှန်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းတွေကို မြင်တွေ့လိုတာပေါ့” ဟု ကျောက်က ပြောကြားခဲ့သည်။ (Xinhua)

“ကြွေးမြီထောင်ချောက်” ဖန်တီးခြင်းအတွက် အမေရိကန်က တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆို