ကမ္ဘာပေါ်တွင် ပထမဆုံးသော သဲကန္တာရ မီးရထားလမ်းပတ်လမ်း တည်ဆောက်ပြီးစီး

2022-06-29 13:49:49
အရင်းအမြစ်:央视新闻

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟော်ထျန်မြို့မှ ယော့ချမ်းခရိုင်အထိ စုစုပေါင်း ၈၂၅ ကီလိုမီတာရှည်သော ဟော်ထျန်-ယော့ချမ်းမီးရထားလမ်း တည်ဆောက်ပြီးစီးကာ စတင်ပြေးဆွဲကြောင်း သိရသည်။

ဟော်ထျန်-ယော့ချမ်းမီးရထားလမ်း၏ စုစုပေါင်းအရှည် ၈၂၅ ကီလိုမီတာအနက် ၅၃၄ ကီလိုမီတာလမ်းတစ်လျှောက်သည် သဲကန္တရဧရိယာအတွင်း တည်ရှိသောကြောင့် မီးရထားတည်ဆောက်သောအဖွဲ့သည် သဲကန္တရဖြတ်ကျော်တံတားတည်ဆောက်ခြင်း၊ သဲကန္တရကာကွယ်ထိန်းချုပ်ရေးသစ်ပင်များ စိုက်ပျိုးခြင်း စသည်တို့ဖြင့် သဲကန္တရကာကွယ်ပြီး မီးရထားလမ်း စောင့်ရှောက်သည့် အကာအရံဖြစ်ခဲ့သည်။ ဟော်ထျန်-ယော့ချမ်းမီးရထားလမ်းသည် အခြားသော မီးရထားလမ်းနှစ်သွယ်တို့နှင့် ပေါင်းစပ်ပြီး စုစုပေါင်းအရှည် ၂၇၁၂ ကီလိုမီတာရှိသော သဲကန္တရ မီးရထားလမ်း ပတ်လမ်းဖြစ်ကာ တရုတ်နိုင်ငံ၏ အကြီးမားဆုံး သဲကန္တရ Taklimakan ပတ်လမ်း ဖြစ်လာပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော သဲကန္တရ မီးရထားလမ်း ပတ်လမ်းဖြစ်သည်။

(သတင်းရင်းမြစ်- CCTV NEWS၊ ဘာသာပြန်- Yunnan gateway)
 

ကမ္ဘာပေါ်တွင် ပထမဆုံးသော သဲကန္တာရ မီးရထားလမ်းပတ်လမ်း တည်ဆောက်ပြီးစီး