ယူနန်ကျန်းဖုန့်နယ်စပ်ဂိတ်သည် ယခုနှစ်သွင်းကုန်ပို့ကုန်စုစုပေါင်းတန်ဖိုး တရုတ်ငွေ ယွမ် ၁ ဘီလီယံ အထက် ရောက်ရှိ
2022-06-29 13:51:26
အရင်းအမြစ်:新华网
ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသော ကြံ၊ ငှက်ပျောသီးနှင့် ရေထွက်ပစ္စည်းများအား ရွှေလီ ပြည်ဝင်ပြည်ထွက် စစ်ဆေးခြင်းစခန်း ကျန်းဖုန့်စခန်းခွဲတွင် စစ်ဆေးပြီးနောက် တရုတ်ပြည်သို့ ဝင်ရောက်ခဲ့သည်။ ၎င်းကုန်စည်များကို ယူနန်ပြည်နယ် လုံချွမ်းခရိုင် ကျန်းဖုန့်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ပြည်တွင်းနေရာအသီးသီးသို့ ပို့ဆောင်မည်ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဂိတ်ပေါက်ပြန်လည်ဖွင့်လှစ်သည်မှစတင်ပြီး ကျန်းဖုန့်နယ်စပ်ဂိတ်မှတစ်ဆင့် သွင်းကုန်ပို့ကုန်ပမာဏသည် တန်ချိန် ၄.၅ သိန်းကျော်ခဲ့ပြီး စုစုပေါင်းတန်ဖိုးသည် တရုတ်ငွေယွမ် ၁ ဘီလီယံအထက် ရောက်ရှိခဲ့သည်။
(သတင်းရင်းမြစ်၊ xinhua၊ ဘာသာပြန်။ Yunnan gateway)