တရုတ်-မြန်မာနယ်စပ်ဒေသပြည်သူပြည်သားများ“အွန်လိုင်းဖျော်ဖြေပွဲ”ကျင်းပ

2022-06-30 08:31:40
အရင်းအမြစ်:云南日报

ဇွန်လ ၂၉ ရက်နေ့တွင် “လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူ ပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ”ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် တပြိုင်တည်း ကျင်းပခဲ့ပါသည်။

ယခုအကြိမ်လှုပ်ရှားမှုအစီအစဥ်၏ အဓိကဆောင်ပုဒ်မှာ “တစ်ရေတည်းသောက်၊ ပေါက်ဖော်မေတ္တာ မြင့်မြတ်လေးနက်၏” ဖြစ်ပြီး တရုတ်ယူနန်နှင့်မြန်မာနိုင်ငံနယ်စပ်ဒေသနေ ပြည်သူပြည်သားများအကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရန်၊ တရုတ်ယူနန်နှင့် မြန်မာနယ်စပ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွအကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ “အွန်လိုင်းနှင့် အော့ဖ်လိုင်း”ပုံစံနှစ်မျိုးဖြင့် ပူးတွဲကျင်းပပြီး ကူမင်းမြို့တွင် ပင်မအစည်းအဝေးခန်းမစီစဥ်ထားရှိကာ တရုတ်နိုင်ငံ ပေါက်စန်းမြို့၊ စစ်ဆောင်ပန်းနားတိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တက်ဟုန်းတိုင်၊ ဂျင်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ နုကျန်းလီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ လင်ချမ်းမြို့တို့တွင်လည်းကောင်း၊ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ(၄)မိုင်းဝပ်ရွာသားများအဖွဲ့၊ မူဆယ်မြို့၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့ တို့တွင်လည်းကောင်း အစည်းအဝေးခန်းမခွဲများ စီစဥ်ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုအစီအစဥ်တွင် ယူနန်ပြည်နယ်ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းသည် ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသို့ လှူဒါန်းထောက်ပံ့ရေးစီမံကိန်းစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုမှာ ပေါက်စန်း၊ စစ်ဆောင်ပန်းနား၊ တက်ဟုန်း၊ နုကျန်းနှင့် လင်ချမ်းစသည့် ပြည်နယ်ခွဲနှင့်မြို့ပြတို့က မြန်မာနိုင်ငံသို့ လမ်းမီး၊ ဘတ်စကတ်ဘောကွင်း၊ နေ့စဥ်သုံးပစ္စည်းများ၊ အများသုံးအပန်းဖြေစခန်း၊ ကျောင်းသုံးပစ္စည်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း၊ မြို့ပြအမှိုက်သိမ်းယာဥ်နှင့် တိုင်းရင်းဆေးပျိုးပင် စသည့်ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလိုအပ်ချက်ဆိုင်ရာစီမံကိန်းများအား ထောက်ပံ့ခြင်းဖြစ်သည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံလူငယ်များ၊ နယ်စပ်ဒေသပြည်သူပြည်သားများက ဝါကျတစ်ကြောင်း အတူရေးသားခြင်း၊ သီချင်းတစ်ပုဒ်အတူသီဆိုခြင်း၊ အကတစ်ခုအတူကခြင်း စသည့်အနုပညာဖျော်ဖြေမှုအစီအစဥ်များကိုလည်း တချိန်တည်း ကျင်းပခဲ့ပြီး ဦးစီးကျင်းပရာဌာနတို့က အဆိုပါဖျော်ဖြေမှုအစီအစဥ်များအတွက် ဆုရွေးချယ်ချီးမြင့်ပေးခဲ့ပါသည်။

ယခုအကြိမ်လှုပ်ရှားမှုအစီအစဥ်သည် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဦးစီးကျင်းပပြီး ပေါက်စန်းမြို့ ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲပြည်သူ့အစိုးရ ပြည်ပဆက်ဆံရေးဌာန၊ တက်ဟုန်းပြည်နယ်ခွဲပြည်သူ့အစိုးရ ပြည်ပဆက်ဆံရေးဌာန၊ နုကျန်းပြည်နယ်ခွဲပြည်သူ့အစိုးရ ပြည်ပဆက်ဆံရေးဌာန၊ လင်ချမ်းမြို့ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းတို့မှ တာဝန်ယူဆောင်ရွက်ကာ ယူနန်ပြည်နယ်တောင်အာရှအရှေ့တောင်အာရှဒေသတွင်းနိုင်ငံတကာသတင်းပြန်ကြားရေးစင်တာမှ ပူးတွဲကျင်းပခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်တွင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသပြည်သူပြည်သားများ စုစုပေါင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက် ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပြည်သူ့အစိုးရပါတီကော်မတီအဖွဲ့ဝင် ဝမ်ဟောင့် (Wang Hao)၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ချိန်ချင်း (Chen Chen)၊ ကူမင်းမြို့အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်တို့သည် အွန်လိုင်းနှင့်အော့ဖ်လိုင်းမှတစ်ဆင့် ၎င်းလှုပ်ရှားမှု အစီအစဥ်ကို ပါဝင်တက်ရောက်ခဲ့ကြပြီး အမှာစကား အသီးသီးပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။


 

တရုတ်-မြန်မာနယ်စပ်ဒေသပြည်သူပြည်သားများ“အွန်လိုင်းဖျော်ဖြေပွဲ”ကျင်းပ