CPC ပါတီဝင်အရေအတွက် ၉၆.၇ သန်းကျော်အထိရောက်ရှိလာ

2022-07-01 18:44:25
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ ပေကျင်းမြို့တော်၊ ထျန်းအန်းမင်ရင်ပြင်တွင် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ် အလှပြင်ဆင်ထားသည်ကို အမှတ်တရဓာတ်ပုံရိုက်ယူနေသော အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီဝင် အရေအတွက်မှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း၌ ၉၆.၇၁ သန်း ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇွန် ၂၈ ရက်က ကြေညာခဲ့သည်။

ပါတီဝင်ဦးရေသည် ၂၀၂၀ ပြည့်နှစ် ကိန်းဂဏန်းမှ ၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ၁၈ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် ကျင်းပချိန် ၂၀၁၂ ခုနှစ်နှောင်းပိုင်းက ကိန်းဂဏန်းထက် ၁၅.၉ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇူလိုင် ၁ ရက်တွင် ကျရောက်မည့် CPC တည်ထောင်ခြင်း ၁၀၁ နှစ်မြောက် နှစ်ပတ်လည်အကြိုထုတ်ပြန်သော အစီရင်ခံစာ၌ ပြောကြားထားသည်။ (Xinhua)

CPC ပါတီဝင်အရေအတွက် ၉၆.၇ သန်းကျော်အထိရောက်ရှိလာ