တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီး၌ ရထားကုန်စည်ပြောင်းလဲတင်ဆောင်ရေးနေရာ တည်ဆောက်ပြီးစီး၍ အသုံးပြုနေပြီဖြစ်၊ တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန်ချိတ်ဆက်မှုကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့

2022-07-04 11:29:27
အရင်းအမြစ်:新华网

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီးရှိ ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာ၌ တရုတ်-ထိုင်း နယ်စပ်ဖြတ်ကျော် ကွန်တိန်နာများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီး၌ ရထားကုန်စည်ပြောင်းလဲတင်ဆောင်ရေးနေရာတည်ဆောက်ပြီးစီးပြီဖြစ်၍ ဇူလိုင် ၁ ရက်က တရားဝင်စတင်အသုံးပြုနေပြီဖြစ်ကြောင်း China State Railway Group Co., Ltd.မှ သိရသည်။ ပထမအသုတ် နယ်စပ်ဖြတ်ကျော် ကွန်တိန်နာကုန်စည်များသည် ယင်းနေရာတွင် စံချိန်မီရထားလမ်း(standard-gauge railway)နှင့် တစ်မီတာရထားလမ်းအကြား(Metre-gauge railway)ပြောင်းလဲတင်ဆောင်မှု ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းသို့ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန်ချိတ်ဆက်မှု လက်တွေ့ဖော်ဆောင်ခြင်း၏ အမှတ်သညာဖြစ်ပြီး ကုန်လမ်း-ပင်လယ်ရေးကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး နိုင်ငံတကာ လမ်းကြောင်း ပို၍ အဆင်ပြေချောမွေ့လွယ်ကူလာခြင်း ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီး ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာရှိ Thanalengကုန်းတွင်းဆိပ်ကမ်းအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီးရှိ ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာ၌ တရုတ်-ထိုင်း နယ်စပ်ဖြတ်ကျော် ကွန်တိန်နာများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီးရှိ ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာ၌ တရုတ်-ထိုင်း နယ်စပ်ဖြတ်ကျော် ကွန်တိန်နာများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီးရှိ ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာ၌ တရုတ်-ထိုင်း နယ်စပ်ဖြတ်ကျော် ကွန်တိန်နာများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် နိုင်ငံတကာ စံချိန်မီရထားလမ်းဖြင့် ဖောက်လုပ်တည်ဆောက်ထားခြင်းဖြစ်ရာ သံလမ်းချင်းအကွာအဝေး ၁၄၃၅ မီလီမီတာ ရှိကြောင်း၊ ထိုင်းနိုင်ငံရထားလမ်းသည် သံလမ်းချင်းအကွာအဝေး ၁,၀၀၀ မီလီမီတာ ရှိသည့် တစ်မီတာရထားလမ်း(Metre-gauge railway)ကို အသုံးပြုခြင်းဖြစ်ကြောင်း ၊ ရထားလမ်းနှစ်မျိုး အပြန်အလှန်ချိတ်ဆက်ရာ၌ ကုန်စည်လွှဲပြောင်းတင်ဆောင်ရန်လိုအပ်ကြောင်း China Railway နိုင်ငံတကာရေးရာဌာန တာဝန်ခံ၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ယခုအကြိမ် တည်ဆောက်ပြီးစီးအသုံးပြုသော ဗီယင်ကျန်း တောင်ပိုင်းဘူတာကြီး၏ ကုန်စည်လွှဲပြောင်းတင်ဆောင်ရေးနေရာသည် မြောက်ဘက်တွင် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာ ကုန်တင်ရုံ၊ တောင်ဘက်တွင် လာအို တစ်မီတာရထားလမ်း Thanalengဘူတာကြီးနှင့်ချိတ်ဆက်ထားရာ Laos-China Railway Co., Ltd. (LCRC)မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားခြင်း ဖြစ်သည်။ ဘူတာအတွင်း၌ စံချိန်မီရထားလမ်း(standard-gauge railway)တစ်ကြောင်း၊ တစ်မီတာရထားလမ်းကြောင်းရထားလမ်း(Metre-gauge railway) ၂ ကြောင်းပါရှိရာ ယင်းနေရာတွင်ပင် စံချိန်မီရထားလမ်းနှင့်တစ်မီတာရထားလမ်း ကုန်စည်လွှဲပြောင်းနိုင်ကြောင်း သိရသည်။
အဆိုပါနေရာ၌ ထိုင်းတစ်မီတာရထားလမ်းသို့ ကုန်တင်ယာဉ် ၂၅ စီးစာ တစ်ချိန်တည်းတွင်ပင် ရွှေ့ပြောင်းနိုင်ကြောင်း၊ နှစ်စဉ် ကုန်စည်လွှဲပြောင်းသယ်ဆောင်ရေးလုပ်ငန်းစွမ်းရည် တန်ချိန် ၈ သိန်းခန့် ရှိကြောင်း သိရသည်။

ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာ၌ ကုန်စည်လွှဲပြောင်းရေးနေရာ တည်ဆောက်ပြီးနောက် တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန်ချိတ်ဆက်မှုသည် အကောင်အထည်ပေါ်လာခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားများသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ချိန်တူးမြို့ ချိန်ရှန်းဒေသ၊ ချုံ့ချင့်မြို့ ထွိန်ကျယ်ကျေးရွာ၊ ရှီးအန်းမြို့ ရှင်းကျုစသည့်တို့ရှိ ကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာများသို့ ရောက်ရှိပြီး တရုတ်-ဥရောပ ရထားလမ်းနှင့် အပြန်အလှန်ချိတ်ဆက်လျက်ရှိသလို တောင်ဘက်တွင် လာအို-ထိုင်း နှစ်နိုင်ငံကြား တစ်မီတာရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နှင့်Laem Chabang ဆိပ်ကမ်းသို့ ရောက်ရှိခြင်းဖြစ်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ချိတ်ဆက်ပို့ဆောင်ရေး နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းကြောင်းသည် ပို၍အဆင်ပြေလွယ်ကူချောမွေ့လာမည် ဖြစ်ကြောင်း အဆိုပါတာဝန်ခံက ဆိုသည်။


ဗီယင်ကျန်းမြို့တောင်ပိုင်းဘူတာ၌ ကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနေရာ တည်ဆောက်အသုံးပြုနိုင်ခြင်းသည် တရုတ်-လာအိုရထားလမ်း၏အကျိုးသက်ရောက်မှုကို တစ်ဆင့်တိုးအားကောင်းစေပြီး တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား နိုင်ငံတကာ ပူးတွဲသယ်ပူပို့ဆောင်ရေးထိရောက်မှုနှုန်းကို မြှင့်တင်စေသလို နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်ရေးစရိတ်ကို လျော့နည်းစေကြောင်း ပြောကြားချက်များအရ သိရသည်။

တရုတ်နိုင်ငံ ကူမင်းမြို့မှ ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းကြား သယ်ယူပို့ဆောင်သည့်အချိန်သည် မော်တော်ယာဉ်နှင့်အဆင့်ဆင့်သယ်ယူပို့ဆောင်ခြင်းထက် အချိန် ၁ ရက် သက်သာစေသလို ပို့ဆောင်ရေးစရိတ် ၂၀ ရာခိုင်နှုန်းနှင့်အထက် လျော့နည်းစေကြောင်း၊ နှစ်စဉ် ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်ဆက်စပ်ပစ္စည်း၊ ရာဘာ စသည့် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများ တန်ချိန် ၃ သိန်းနှင့်အထက်သည် တရုတ်-လာအို ရထားလမ်းမှ တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းရရာ တရုတ်-လာအို စီးပွားရေးစင်္ကြံ၊ တရုတ်-အာဆီယံ အကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးအတွက် အားကောင်းသည့် အထောက်အပံ့ ဖြစ်လာမည် ဖြစ်ကြောင်း ဆိုသည်။

China Railway Group၏ ကိန်းဂဏန်းများတွင် တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်လည်ပတ်ပြီးနောက်ပိုင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှုပမာဏသည် အရေအတွက်ရော၊အရည်အသွေးပါ မြင့်တက်လာရာ ဇွန် ၃၀ ရက်အထိ စုစုပေါင်း သယ်ယူပို့ဆောင်ခဲ့သော ခရီးသည်ဦးရေ ၄ သန်းရှိသည့်အနက် လာအိုနိုင်ငံအပိုင်းတွင် ခရီးသည်ဦးရေ ၅၂၀,၀၀၀ ၊ စုစုပေါင်း ကုန်စည်ပို့ဆောင်မှုတန်ချိန် ၄.၉၄ သန်းရှိသည့်အနက် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းတန်ချိန် ၈၂၀,၀၀၀ ရှိကြောင်း ဖော်ပြထားသည်။ (Xinhua)

တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီး၌ ရထားကုန်စည်ပြောင်းလဲတင်ဆောင်ရေးနေရာ တည်ဆောက်ပြီးစီး၍ အသုံးပြုနေပြီဖြစ်၊ တရုတ်-လာအို-ထိုင်း ရထားလမ်း အပြန်အလှန်ချိတ်ဆက်မှုကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့