နိုင်ငံပေါင်း(၇၆)နိုင်ငံသည် တရုတ်ဘာသာစကားအား ၎င်းတို့၏အမျိုးသားပညာရေးစနစ်အတွင်းသို့ ထည့်သွင်း

2022-07-04 11:31:29
အရင်းအမြစ်:中新社

ဇွန်လ(၂၈)ရက်ကကျင်းပသည့် တရုတ်ပညာရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ဘာသာစကားများသတင်းအချက်အလက်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ထျန်လီရှင်း က ရှင်းလင်းပြောကြားရာတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ယူနက်စကို၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာ့ခရီးသွားလာရေးအဖွဲ့ စသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အထူးအဖွဲ့အစည်းဌာန(၁၀)ခုသည် တရုတ်ဘာသာစကားအား တရားဝင်ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုနေပြီဖြစ်ကြောင်း၊ နိုင်ငံနှင့်ဒေသပေါင်း(၁၈၀)ကျော်တွင် တရုတ်ဘာသာ သင်ကြားရေးများ လုပ်ဆောင်နေကြောင်း၊ နိုင်ငံပေါင်း(၇၆)နိုင်ငံသည် တရုတ်ဘာသာစကားအား အမျိုးသားပညာရေးစနစ်အတွင်းသို့ ထည့်သွင်းပြီဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များ၌ တရုတ်ဘာသာစကား သင်ယူသူလူဦးရေသည် သိန်း(၂၅၀)ကျော်ရှိပြီး တရုတ်ဘာသာသင်ယူခြင်းနှင့် အသုံးပြုနေသည့် လူဦးရေမှာ သန်းပေါင်း(၂၀၀)ကျော်ရှိကြောင်း မိတ်ဆက်ခဲ့ပါသည်။

ပြီးခဲ့သည့်(၁၀)နှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံခြားတရုတ်ဘာသာ သင်ယူလိုသူများအပေါ် မျက်နှာပြုသော၊ ယင်းတို့၏ တရုတ်ဘာသာအဆင့်ကို ဘက်စုံသုံးသပ်နိုင်သော စံသတ်မှတ်ချက်“နိုင်ငံတကာ တရုတ်ဘာသာပညာရေး တရုတ်ဘာသာစံနှုန်းစံညွှန်း”ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ နိုင်ငံရပ်ခြားတွင် ဘာသာစကား(၈)မျိုးဖြင့်ထုတ်ဝေခဲ့ပြီး ဘာသာစကားသင်ကြားရေးဌာနပေါင်း (၂၀)ကျော်နှင့် စံနှုန်းပြည့်ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့သည်။ နိုင်ငံရပ်ခြားတရုတ်ဘာသာစကား ကျွမ်းကျင်မှုစစ်ဆေးရေးစင်တာများ တည်ထောင်ပြီး တရုတ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ (HSK) အမှတ်တံဆိပ်ကို တည်ထောင်ခဲ့ပါသည်။
(သတင်းရင်းမြစ်၊ Chinanews၊ ဘာသာပြန်၊ Yunnan gateway)


 

နိုင်ငံပေါင်း(၇၆)နိုင်ငံသည် တရုတ်ဘာသာစကားအား ၎င်းတို့၏အမျိုးသားပညာရေးစနစ်အတွင်းသို့ ထည့်သွင်း