တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံဆွေးနွေး

2022-07-05 15:40:37
အရင်းအမြစ်:新华网

ပုံစာ - တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ် ကာလအတွင်း တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၃ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှဆက်ဆံသော ခေတ်အဆက်ဆက်ပေါက်ဖော်ချစ်ကြည်ရေးကို အထူးအလေးထားကြောင်း ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏နှောင်ကြိုးမဲ့ကူညီမှုများအား အထူးကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ထိုင်ဝမ်၊ ဟောင်ကောင်၊ တိဗက်၊ ရှင်းကျန်း၊ လူအခွင့်အရေးစသည့် ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ မှန်ကန်သောရပ်တည်ချက်ကို ဆက်လက်ခိုင်မာစွာ ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားလိုရာ မြန်မာ-တရုတ် အကျိုးတူအသိုက်အဝန်းတည်ဆောက်ရေး အဆက်မပြတ်နက်ရှိုင်းစေရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ရှေးယခင်ခေါင်းဆောင်များကိုယ်တိုင် ပျိုးထောင်ထားခြင်းဖြစ်ရာ ကျယ်ပြန့်သောပြည်သူ့ဆန္ဒထောက်ခံမှုနှင့်နက်ရှိုင်းသော လူမှုအသိုက်အဝန်းအခြေခံ ရှိပါကြောင်း၊ နိုင်ငံတကာအခြေအနေ၏စမ်းသပ်မှု၊ သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းအခြေအနေအပြောင်းအလဲကြောင့် သက်ရောက်မှုမရှိဘဲ အစဉ်အမြဲ ကျောက်သားသဖွယ် ပျက်ပြားမှုမရှိ ခိုင်မာစွာ ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ၏အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားရာ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးကို မျက်နှာမူသော မြန်မာနိုင်ငံအပေါ်ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို ခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ သမ္မတရှီကျင့်ဖိန်၏သမိုင်းဝင် မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ရလဒ်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုခိုင်မာမှု ၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်းစိတ်ချင်းဆက်နွယ်မှု၊ လူမှုယဉ်ကျေးမှုအပြန်အလှန်လေ့လာမှု စသည့် မဏ္ဏိုင် ၄ ခုကို ခိုင်မာစွာ ဆောင်ရွက်သွားကာ တရုတ်-မြန်မာ အကျိုးတူအသိုက်အဝန်းတည်ဆောက်ရေးကဏ္ဍသစ်တက်လှမ်းရေးအတွက် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရင်းနှီးသည်မူဝါဒကို နှစ်သိမ့်ပါကြောင်း၊ မြန်မာနိုင်ငံပြည်သူများ မိမိနိုင်ငံအခြေအနေဖြင့်လျော်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခြင်းအား ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာရေးရာတွင် မိမိ၏မှန်ကန်သောအကျိုးစီးပွားနှင့်အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခြင်းအား ထောက်ခံပါကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မှုရှိသည့်အပေါ် နှစ်ဖက်လုံးက အပြုသဘော မှတ်ချက်ပြုခဲ့ကြပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို အရှိန်မြှင့်တင် တွန်းအားပေးရန် သဘောတူညီခဲ့ကာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အားကွန်ရက်သဘောတူညီချက် အကောင်အထည်ဖော်ရေး၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း အဆင်ပြေချော့မွေ့စွာ လည်ပတ်နိုင်ရေး၊ အချိန်အခါသင့်သည့်အခါ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ+”ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရေးနှင့် နှစ်ဖက်ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုအဆင့်အား မြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝမ်ရိကက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အရည်အသွေးမြင့် လယ်ယာထွက်ကုန်ပစ္စည်းများအား ပိုမိုတင်သွင်းခြင်း၊ နှစ်ဖက်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးစံပြစီမံကိန်းများကို ကောင်းမွန်စွာ ဖော်ဆောင်ခြင်း၊ ကပ်ရောဂါကာကွယ်ရေးလုံခြုံမှုအခြေအနေတွင် တိုက်ရိုက်လေကြောင်းလိုင်းများထပ်တိုးကာ မြန်မာပညာတော်သင်များ တရုတ်နိုင်ငံသို့လာရောက် ပညာသင်ကြားနိုင်ရေး အဆင်ပြေလွယ်ကူစေရေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံပြည်တွင်းရေးအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် “ရှေ့လုပ်ငန်းစဉ်(၅)ရပ်”နှင့် အာဆီယံ၏”သဘောတူညီချက်(၅)ချက်”ကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်၍ ဒီမိုကရေစီအသွင်ပြောင်း ဖြစ်စဉ်ကို ဆက်လက်တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံ၏အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး တည်ငြိမ်ရေး၊ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို စေတနာအရင်းခံ မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံသက်ဆိုင်ရာဘက်ပေါင်းစုံက နိုင်ငံအခင်းအကျင်းနှင့်ပြည်သူ့အကျိုးစီးပွားကို အလေးထားကာ သင့်လျော်သောညှိနှိုင်းဆွေးနွေးမှုများကို ခိုင်မာစွာ ဆောင်ရွက်၍ အခြေခံဥပဒေနှင့်ဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးသင့်မြတ်မှုနှင့်နိုင်ငံရေရှည်တည်ငြိမ်အေးချမ်းရေးကို စောလျဉ်းစွာ ဖော်ဆောင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောထားအမြင်များကို ဖလှယ်ခဲ့ရာတွင် ဝမ်ရိက မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု၏ အစပျိုး၊တက်ကြွစွာပါဝင်သူနှင့်အကျိုးခံမှုရှိသူဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ကာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးတွန်းအားပေး၍ ပို၍နီးကပ်သော လန်ချန်း-မဲခေါင် အကျိုးတူအသိုက်အဝန်းအား တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်၊ ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်နှင့် အားကောင်းစွာ ချိတ်ဆက်၍ အဆိုပြုချက်ကြီး နှစ်ရပ်၏ အကောင်အထည်ဖော်ဆောင်ရာ ရှေ့ပြေးဇုန်အဖြစ် တည်ဆောက်သွားသင့်ပါကြောင်း အလေးထားပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့်ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ရာ အတူတကွဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်မှုအတွက် လေးနက်သောအဓိပ္ပါယ်ရှိပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် အထူးချီးကျူးမှတ်ချက်ပြုလိုပြီး တက်ကြွစွာပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ရာ ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် တရုတ်-အာဆီယံဆက်ဆံရေး ညှိနှိုင်းမှုနိုင်ငံအနေဖြင့် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း ၊ အာဆီယံနှင့်အတူ “၅ နိုင်ငံ မိသားစု ဥယျာဉ်ကြီး”အဓိကတည်ဆောက်ရေး မျှော်လင့်ရာ ဘက်ပေါင်းစုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးလှုပ်ရှားမှုအစီအစဉ်များကို ရေးဆွဲသွားမည်ဖြစ်ပြီး နိုင်ငံတကာ ကုန်လမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်၊ ဒစ်ဂျစ်တယ် အပြန်အလှန်ချိတ်ဆက်ရေး၊ သန့်စင်စွမ်းအင်၊ ကုန်စည်ထုတ်လုပ်ပံ့ပိုးမှုကွင်းဆက် တည်ငြိမ်ရေးစသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို အလေးပေးဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းမူဘောင်တွင် အာဆီယံ၏ ဗဟိုနေရာကို ခိုင်မာစွာ ထောက်ခံရာ အာဆီယံနှင့်အတူ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းမှန်ကို တည်ငြိမ်အောင် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်ဘက်လုံးက တရုတ်-မြန်မာ စီးပွားရေးနည်းပညာ၊ ကပ်ရောဂါတိုက်ဖျက်ရေး၊ လယ်ယာကဏ္ဍ၊ ပြည်သူ့စားဝတ်နေရေး၊ မွမ်းမံသင်တန်းစသည့် ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများလဲလှယ်သော အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံဆွေးနွေး