တရုတ်-လာအိုရထားလမ်းရှိ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးပမာဏသည် တန်ချိန်(၇.၈)သိန်းကျော်ရောက်ရှိ
2022-07-05 17:13:03
အရင်းအမြစ်:云南日报
တရုတ်-လာအိုရထားလမ်း စတင်လည်ပတ်လုပ်ဆောင်သည်မှာ (၇)လရှိပြီဖြစ်သည်။ ဇူလိုင်လ(၂)ရက်နေ့ အထိ ကူမင်းအကောက်ခွန်ဌာနသည် တရုတ်-လာအိုရထားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထားတွဲပေါင်း (၁၅၄၈)တွဲကို ကြီးကြပ်စစ်ဆေးပေးခဲ့ပြီး ကုန်တင်ပို့မှုပမာဏသည် တန်ချိန်(၇.၈၁၄)တန်၊ ကုန်တန်ဖိုးသည် သန်းပေါင်း(၇၇၀၃)ယွမ်ရောက်ရှိခဲ့သည်။ တင်ပို့သည့်ကုန်စည်အမျိုးအစားတွင် စိုက်ပျိုးရေးထွက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ သတ္တုထွက်ကုန်ပစ္စည်း စသည့်အမျိုးအစားပေါင်း (၂၀၀၀)ကျော် ပါဝင်ကြောင်းသိရသည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)