၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေးကုန်စည်ပြပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပမည်

2022-07-05 19:00:42
အရင်းအမြစ်:云南日报

တရုတ်နိုင်ငံတကာခရီးသွားလာရေးကုန်စည်ပြပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့ တွင် ကျင်းပမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးဌာန၏ သတင်းအရ သိရှိရပါသည်။ ၎င်းခရီးသွားလာရေးကုန်စည်ပြပွဲသည် အာရှဒေသတွင် အတိုင်းအတာအကြီးမားဆုံးသော ခရီးသွားလာရေးသီခြားကုန်စည်ပြပွဲဖြစ်ပြီး ပြည့်စုံကောင်းမွန်သောဝန်ဆောင်မှု၊ တန်ဖိုးရှိသော စီးပွားရေးအခွင့်အလမ်းများကြောင့် အမြဲတမ်း လူသိများကာ နာမည်ကြီးလာသည်။

ယခုအချိန်ကာလတွင် ၎င်းခရီးသွားလာရေးကုန်စည်ပြပွဲဆိုင်ရာ ပြင်ဆင်ခြင်းလုပ်ငန်းမှာ အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိသည်။ ပြပွဲတွင် ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးပုံရိပ်လွှာပြခန်း၊ ကျန်းမာရေးနှင့်ညီညွတ်သောရှုခင်းသာနေရာပြခန်း၊ အားကစားခရီးသွားလာရေးပြခန်း၊ ပြည်ပခရီးသွားလာရေးပြခန်းစသည့် ပြခန်းနေရာများကို စီစဥ်ထားရှိမည်ဖြစ်သည်။ ထို့ပြင်၊ ယခုအကြိမ်ပြပွဲတွင် စမတ်ခရီးသွားလာရေးတီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။ ယဥ်ကျေးမှုပြခန်းကို အသစ်တိုးထားပြီ အွန်လိုင်းနှင့်အော့ဖ်လိုင်းပုံစံနှစ်မျိုးပူးတွဲခြင်းဖြင့် ရောင်းသူဝယ်သူများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။ လက်ရှိတွင် အင်္ဂလန်၊ တောင်ကိုးရီးယား၊ ထိုင်းအပါအဝင် နိုင်ငံနှင့်ဒေသ ၇၀ ကျော်သည် ၎င်းကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်မည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)

 

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေးကုန်စည်ပြပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပမည်