ရှင်းကျန်းဒေသ အားလားဆန်းခိုဆိပ်ကမ်းက တရုတ်-ဥရောပကုန်တင်ရထား ၃,၀၀၀ ကျော်အား ကိုင်တွယ် ဆောင်ရွက် ပေးလျက်ရှိ

2022-07-06 11:23:13
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အားလားဆန်းခိုဆိပ်ကမ်း၌ အကောက်ခွန်ဝန်ထမ်းများက ကုန်သေတ္တာအား စစ်ဆေးနေသည်ကို ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်အတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အားလားဆန်းခိုဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ထွက်သွားလာနေသည့် တရုတ်-ဥရောပကုန်တင်ရထား အရေအတွက်မှာ ၃,၀၀၀ ကျော် နှင့် ကုန်ပစ္စည်းပမာဏမှာ တန်ချိန် ၂ ဒသမ ၅ သန်းကျော်ရှိကြောင်း ရထားလမ်း တာဝန်ရှိသူများထံမှ သိရသည်။COVID-19 ရောဂါ ဖြစ်ပွားချိန်မှစတင်ကာ တရုတ်-ဥရောပ ကုန်တင်ရထားများသည် နိုင်ငံနှင့်ဒေသ အများအပြားသို့ သယ်ယူပို့ဆောင်ရေးစွမ်းရည် မြင့်မားလာခြင်း နှင့် ဝင်ရောက်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တရုတ်နှင့်နိုင်ငံခြားကုမ္ပဏီများက ပိုမိုအလေးသာခဲ့ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ခဲ့သည့် အဓိကပို့ကုန်ပစ္စည်းများမှာ မော်တော်ကားအစိတ်အပိုင်းများ ၊ အီလက်ထရွန်းနစ်ပစ္စည်းများ ၊ ကွန်ပြူတာများနှင့် ဆက်စပ်ပစ္စည်းများ ၊ နေ့စဉ်သုံးပစ္စည်းများ ဖြစ်သည်။ သွင်းကုန်များတွင် ဓာတုကုန်ကြမ်းများ ၊ စက်ပိုင်းဆိုင်ရာဆက်စပ်ပစ္စည်းများ နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ ပါဝင်ကြောင်း တာဝန်ရှိသူများ အဆိုအရ သိရသည်။

လက်ရှိတွင် အားလားဆန်းခိုဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းသွားသော တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ၂၈ ခုရှိပြီး ကုန်ပစ္စည်းအမျိုးပေါင်း ၂၀၀ ကျော် သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ရှင်းကျန်းဒေသ အားလားဆန်းခိုဆိပ်ကမ်းက တရုတ်-ဥရောပကုန်တင်ရထား ၃,၀၀၀ ကျော်အား ကိုင်တွယ် ဆောင်ရွက် ပေးလျက်ရှိ