ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက လက်တွေ့ကျပြီး အလားအလာရှိသောလုပ်ဆောင်ချက်ဖြင့် ပြည်သူ့အခက်အခဲများကို ဖြေရှင်းပေးမည်ဟု ပြောကြား

2022-07-08 16:37:58
အရင်းအမြစ်:新华网

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီအား ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ပြည်သူများ၏အခက်အခဲကို ဖြေရှင်းရာ၌ ပန်းတိုင်ရလဒ်ကို ရည်မှန်းချက်အဖြစ်ထားရှိကာ ပြဿနာများကို ဖြေရှင်းသွားမည်ဟု အုပ်ချုပ်ရေးမှူး ဂျွန်လီက ဇူလိုင် ၆ ရက်တွင် ဥပဒေပြုကောင်စီ အုပ်ချုပ်ရေးမှူးသတင်းစာရှင်းလင်းပွဲသို့တက်ရောက်စဉ် ပြောကြားခဲ့သည်။

ယခုအကြိမ် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခြင်းက အုပ်ချုပ်ရေးမှူးအဖြစ် ဂျွန်လီ၏ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။ ထိုသို့တက်ရောက်စဉ် ၎င်းက အပြုသဘောဆောင်သော အပြန်အလှန် ပူးပေါင်းပါဝင်သည့် အုပ်ချုပ်ရေး နှင့် ဥပဒေပြုမှု ဆက်ဆံရေးက ဟောင်ကောင်၏ ကဏ္ဍသစ်ဆီသို့ တက်လှမ်းခြင်းအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ဟောင်ကောင်မြို့နေပြည်သူများ ဂရုပြုသည့် စားဝတ်နေရေးပြဿနာနှင့် ပတ်သက်၍ပြောကြားရာတွင် ဂျွန်လီက အထူးဒေသအစိုးရသည် လက်တွေ့ကျပြီး အလားအလာရှိသောလုပ်ဆောင်ချက်ဖြင့် ပြည်သူ့အခက်အခဲများကို ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။ ၎င်းက “ထိခိုက်လွယ်သော ကျောင်းသားများ မျိုးဆက်လိုက် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းအဖွဲ့”၊ “ မြေယာနှင့်အိမ်ရာထောက်ပံ့ရေး ညှိနှိုင်းမှုအဖွဲ့”၊ “ဒေသဆိုင်ရာအရေးကိစ္စများ ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့”၊ “ပြည်သူ့အိမ်ရာစီမံကိန်း လုပ်ငန်းအဖွဲ့” များကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနအဆင့် တာဝန်ရှိသူအသီးသီး ဦးဆောင်ကာ မျိုးဆက်လိုက်ဆင်းရဲနွမ်းပါးမှု၊ မြေယာနှင့်အိမ်ရာထောက်ပံ့မှု၊ ဒေသဆိုင်ရာ လုပ်ငန်းအခွင့်အလမ်းနှင့် ပြည်သူ့အိမ်ရာစသည့် ပြည်သူများ ဂရုပြုသည့် စားဝတ်နေရေး ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာဌာနအဆင့် တာဝန်ရှိသူအသီးသီးအနေဖြင့် ပြဿနာစတင်ပေါ်ထွက်လာချိန်တွင် အချိန်မီဝင်ရောက်ဖျန်ဖြေခြင်း၊ ကွင်းဆင်းညွှန်ကြားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ အားသာချက်များဖြင့် အပြန်အလှန် ဖြည့်ဆည်းပေးခြင်း၊ ထိရောက်သောပူးပေါင်းဆောင်ရွက်မှု ဖန်တီးခြင်း၊ တစ်ဦးချင်းလုပ်ဆောင်ခြင်းအတွေးအမြင်ကို ပယ်ဖျက်ကာ ၁+၁ က ၂ ထက်ကြီးသောရလဒ်အထိ လုပ်ဆောင်ရမည်ဟု ဆိုသည်။

“ကျွန်တော်အနေနဲ့ ‘ပန်းတိုင်ရလဒ်ကို ရည်မှန်းချက်အဖြစ်ထားခြင်း’ကို ဆောလျင်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနအဆင့် တာဝန်ရှိသူအသီးသီးထံ လုပ်ငန်းလိုအပ်ချက်တွေ ပြောကြားခဲ့ပြီး စီမံချက်များနဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ရန် တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။ အုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်များနှင့် အသေးစိတ်ကို အောက်တိုဘာ၌ တင်ပြမည့် နိုင်ငံရေး စီမံချက် အစီအစဉ်၌ အသေးစိတ်မိတ်ဆက်သွားမည်ဖြစ်သည်။ ၎င်းနှင့် ၎င်း၏အဖွဲ့ဝင်များက ပြည်သူလူထု၊ ကောင်စီဝင်များနှင့် နယ်ပယ်အသီးသီး ကျွမ်းကျင်သူများနှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်ကာ အကြံပြုချက်များ ကြားနာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေး နှင့် ဥပဒေပြုမှု ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဂျွန်လီက အပြုသဘောဆောင်သော အပြန်အလှန် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်အတွက် ၎င်းက အုပ်ချုပ်ရေး ဦးဆောင်သည့်စနစ်ကို ကျင့်သုံးသွာမည်ဟု ဆိုသည်။ ယင်းနှင့်စပ်လျဉ်း၍ အထူးဒေသအစိုးရအရာရှိများနှင့် ဥပဒေပြုကောင်စီအဖွဲ့ဝင်များကြား ဆက်သွယ်မှုအားကောင်းစေရန်နှင့် ဥပဒေပြုကောင်စီရှေ့ ခန်းမ၌ လစဉ် နှီးနှောဖလှယ်ပွဲများ ကျင်းပရန် ၎င်းကအကြံပြုခဲ့သည်။
အမေးအဖြေကဏ္ဍတွင် ဂျွန်လီက လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသည့်မေးခွန်းများကိုလည်း ဖြေကြားခဲ့သည်။

ဟောင်ကောင်သည် စီမံအုပ်ချုပ်ရေးအခြေအနေမှ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသို့ လျှောက်လှမ်းသည့် အရေးပါသော အဆင့်တွင် ရောက်ရှိနေကြောင်း၊ လာမည့် ၅ နှစ်တွင် ဟောင်ကောင်က “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း” သမိုင်းစမှတ်သစ်တွင် ရပ်တည်ကာ ခေတ်ရေစီးကြောင်းကို အမီလိုက်မည်ဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရေးအခြေအနေမှ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသို့ လျှောက်လှမ်းလိုပါက အထူးဒေသအစိုးရနှင့် ဥပဒေပြုကောင်စီက “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း “ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ စားဝတ်နေရေး မြှင့်တင်မှု၊ အများပြည်သူအပေါ် ပိုမိုအကျိုးပြုရန် တက်ကြွစွာ လုပ်ဆောင်ရမည်ဟု ဂျွန်လီက ပြောကြားခဲ့သည်။ (Xinhua)

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက လက်တွေ့ကျပြီး အလားအလာရှိသောလုပ်ဆောင်ချက်ဖြင့် ပြည်သူ့အခက်အခဲများကို ဖြေရှင်းပေးမည်ဟု ပြောကြား