တရုတ်အာကာသယာဉ်မှူးများက တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းမော်ဂျူး၌ သင်ခန်းစာပို့ချမည်
တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့က အာကာသစခန်း ပင်မမော်ဂျူးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် အလေးပြုနေသည်ကို ပေကျင်း အာကာသယာဉ် တည်ဆောက်မှုနည်းပညာထိန်းချုပ်ရေးစင်တာမှ ဇွန် ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)
Shenzhou-14 မှ တရုတ်အာကာသယာဉ်မှူးများသည် ယခုလအတွင်း လွှတ်တင်မည့် တရုတ်နိုင်ငံ၏ အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး Wentian ၌ သိပ္ပံပညာဆိုင်ရာ တိုက်ရိုက်သင်ခန်းစာ တစ်ခုအား သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းမှာ တရုတ်အာကာသယာဉ်မှူးများအတွက် အာကာသလက်တွေ့စမ်းသပ်ခန်းမော်ဂျူးမှ တိုက်ရိုက်သင်ခန်းစာပို့ချချက် ထုတ်လွှင့်ရန် ပထမဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။ Shenzhou-13 အာကာသယာဉ်မှူးများ၏ ယခင်အာကာသသင်ခန်းစာများအား အာကာသစခန်း၏ Tianhe ပင်မမော်ဂျူးမှ ပို့ချခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အာကာသစခန်းသည် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းရှာဖွေခြင်းအတွက် လက်တွေ့စမ်းသပ်မှုအဆင့် ၂၅ ဆင့်နှင့် လိုက်လျောညီထွေရှိစွာ လုပ်ဆောင်နိုင်စွမ်းရှိသော ဘက်စုံအာကာသလက်တွေ့စမ်းသပ်ခန်းတစ်ခု အဖြစ် ပုံစံထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
လက်တွေ့စမ်းသပ်ခန်းမော်ဂျူး Wentian ၌ တပ်ဆင်ထားသည့် လက်တွေ့စမ်းသပ်မှုအဆင့်များသည် တရုတ်အာကာသယာဉ်မှူးများအား မော်လီကျူးများ ၊ ဆဲလ်များ ၊ တစ်ရှူးများ နှင့် အင်္ဂါအစိတ်အပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
Shenzhou-14 အာကာသယာဉ်မှူးများသည် Wentian မော်ဂျူးအတွင်းသို့ ဝင်ရောက်ပြီးနောက် လက်တွေ့စမ်းသပ်မှုအဆင့်များကို တပ်ဆင်မည်ဖြစ်ကာ ၎င်းတို့သည် အာကာသပေါ် လမ်းလျှောက်ခြင်းများလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း အာကာသအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါ တရုတ်အာကာသယာဉ်မှူးသုံးဦးတို့သည် တရုတ်နိုင်ငံ၏ အာကာသစခန်း တည်ဆောက်မှု ပြီးစီးရေးအတွက် မြေပြင်အဖွဲ့နှင့်အတူပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မော်ဂျူးတစ်ခုတည်း ဖွဲ့စည်းတည်ဆောက်မှုမှ ပင်မမော်ဂျူး Tianhe ၊ လက်တွေ့စမ်းသပ်ခန်းမော်ဂျူးနှစ်ခုဖြစ်သည့် Wentian နှင့် Mengtian စသည့် မော်ဂျူး သုံးခုဖြင့် အမျိုးသားအဆင့်အာကာသဓာတ်ခွဲစမ်းသပ်ခန်းတစ်အခု အဖြစ်သို့ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)