၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလာရေးကုန်စည်ပြပွဲ-- တာ့လီအလ်ဟိုက်ကန်ကြီး သဘာဝဂေဟစင်္ကြံန်တွင် ရိုမန်တစ်ချစ်ခြင်းမေတ္တာနှင့် ပြည့်နှက်လျက်ရှိ
အပြန်အလှန်ဆုံတွေ့ခြင်း၊ အပြန်အလှန်မြတ်နိုးခြင်း၊ အပြန်အလှန်ချစ်ခြင်းမေတ္တာဖြစ်ပေါ်ခြင်း……
ဇူလိုင်လ ၆ ရက်နေ့က တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အလ်ပိုင်ရေကန်ကြီးရှိ သဘာဝဂေဟစင်္ကြံန်၏ လုံခမ်းဆိပ်ကမ်းတွင် ရှန်ကျင့်မြို့မှ မစ္စတာကျန်းကျင့်ဟွေးနှင့် သူ၏ချစ်သူ တို့သည် လက်တွဲပြီး လူကြိုက်များရေပန်းစားနေသည့်ဓာတ်ပုံရိုက်ရာနေရာသို့ အတူတကွ လျှောက်လှမ်းခဲ့ကြသည်။ “စိမ်းစိုတဲ့ချမ်းစန်းတောင်၊ ကြည်လင်တဲ့အလ်ဟိုင်ကန်၊ အဲဒီနေရာမှာ ချစ်မြတ်နိုးတဲ့ချစ်သူနဲ့ ရင်တွင်းစကားကို ဖော်ပြခြင်းက ရိုမန်တစ်ဆန်လွန်းလှပါတယ်”ဟု ကျန်းကျင့်ဟွေးမှ ဆိုသည်။
လုံခမ်းဆိပ်ကမ်းဟောင်းတွင် မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်နေသော ချစ်သူစုံတွဲများကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ “ပြာလဲ့လဲ့ကောင်းကင်၊ စိမ်းလမ်းစိုပြည်တဲ့သစ်ပင်နဲ့ ကြည်လင်တဲ့ရေကန်တွေရယ်၊ ကျွန်တော်တို့လိုချင်တဲ့ ရှုခင်းတွေ ပြည့်ပြည့်စုံစုံရှိပါတယ်။ အဲဒီနေရာမှာ ဓာတ်ပုံနဲ့ ကျွန်တော်တို့ရဲ့ အချစ်ပုံပြင်ကို မှတ်တမ်းတင်ရတာ ကျွန်တော်တို့နှလုံးသားထဲမှာ ကြည်နူးပျော်ရွှင်ခြင်းကို ခံစားရပါတယ်”ဟု ပေကျင်းမှ ချစ်သူနှစ်ဦးကဆိုသည်။
အလ်ဟိုင်၏အလှသည် အခြားဒေသမှလူများအား တာ့လီ၌ လာရောက်အခြေချနေထိုင်ရန် ဆွဲဆောင်လျက်ရှိသည်။ အမျိုးသမီးတစ်ဦးဖြစ်သူ ဖူရင်းသည် အခြားဒေသမှ တာ့လီတွင် အခြေချနေထိုင်သူများအနက် တစ်ဦးဖြစ်သည်။ “ကျွန်မက တာ့လီမှာ နေထိုင်တာ ၂ နှစ်ရှိပြီ။ အလ်ဟိုင်သဘာဝဂေဟစင်္ကြံန်မှာ စက်ဘီးစီးရတာ ကြိုက်တယ်။ ကျန်းမာတဲ့၊ စိတ်ချမ်းသာတဲ့ဘဝကို ကြိုက်တယ်”ဟု ဖူရင်းကဆိုသည်။
မြန်မာနိုင်ငံမှအမျိုးသမီးတစ်ဦးဖြစ်သူ ချိုသဲဖြူသည် တာ့လီသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ရှုခင်းကြည့်အပန်းဖြေယာဥ် စီးရင်း “တာ့လီက တော်တော်လှတယ်။ တာ့လီမှာ လျှောက်လည်နေရတာ ရုပ်ရှင်ထဲကို ရောက်ရှိနေသလိုပဲ ခံစားရတယ်”ဟု သူမဆိုခဲ့သည်။
(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်- Yunnan gateway)