၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ။ ။ သမိုင်း၏ “ပုံရိပ်အမှတ် အသား”တွင် လွမ်းဆွတ်သတိရမှုများကျန်ရစ်ခဲ့သောတာ့လီ

2022-07-13 10:56:45
အရင်းအမြစ်:云南日报

ဇူလိုင်လ(၇)ရက်နေ့ တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှီကျိုးမြို့နယ်ဟောင်း ရှီလင်ယွမ်ပန့်စန်းဟိုတယ်ရှိ ပန်းခြံရှုခင်းသာစင်မြင့်ပေါ်တွင် ပေကျင်း၊ ချိန်တူး စသည့်နေရာများမှ ရောက်ရှိလာသော ခရီးသည်များသည် ရေနွေးကြမ်းသောက်သုံးပြီး လယ်ယာရှုခင်းများကိုရှုစားကာ အနားယူနေကြသည်။ “ဟိုတယ်မှာ စုစုပေါင်းအခန်း(၁၆)ခန်းရှိတယ်။ ဒေသခံတိုင်းရင်းသားတို့ရဲ့ ထူးခြားချက်များအလိုက် အခန်းအားလုံးကို ကျွန်တော်တို့‌သေသေချာချာ အလှဆင်ထားပါတယ်”ဟု ရှီလင်ယွမ်တည်ထောင်သူလင်တိမ်းက ပြောသည်။ သူသည် လာရောက်တည်းခိုသည့် ဧည့်သည်တော် များအား ရှီကျိုးဓလေ့ရိုးရာယဉ်‌ကျေးမှုကို ခံစားသိကျွမ်းစေလိုပါသည်။

၎င်းသည် ရှီလင်းယွမ်၏ထူးခြားချက်နှင့် ရှီကျိုး၏ထူးခြားသော “ပုံရိပ်အမှတ်အသား”ဖြစ်သည်ဟု အမေရိကန်နိုင်ငံမှလာသော “ခေတ်သစ်ရှီကျိုးသား”လင်တိမ်းက ထင်မြင်မိပါသည်။ ဤကဲ့သို့သော “ပုံရိပ်အမှတ်အသား”သည် ရှီကျိုးတွင်နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ပါသည်။ “ပိုင်တိုင်းရင်းသားများ စုဝေးရာနေရာဖြစ်တဲ့ ရှီကျိုးမှာ ပိုင်တိုင်းရင်းသားများနေအိမ်အဆောက်အအုံအုပ်စုများစွာကို ထိန်းသိမ်းထားလျက်ရှိတယ်” ဟု လင်တိမ်းက ပြောသည်။ အဆိုပါအဆောက်အအုံများသည် ပြတိုက်များကဲ့သို့ အချိန်နှင့် သမိုင်း၏ပုံပြင်များကို ပြောဆိုလျက်ရှိသည်။

ဒင်းဒင်း ဒေါင်ဒေါင်... ဟက်ချင့်ခရိုင် ရှင်းဟွာငွေထည်ရွာကလေး၏ ထူးခြားသော “ပုံရိပ်အမှတ်အသား”ကို တူကလေးများဖြင့် ထုရိုက်ပြီးထွက်လာခဲ့သည်။ “ ‘တူတစ်လက်ဖြင့် နှစ်တစ်ထောင်ရိုက်သည်။’ ကျွန်တော်တို့က အခုလိုငွေထည်ဒဏ္ဍာရီကို နေ့စဉ်ပြသပါတယ်”ဟု ဟက်ချင့်ငွေထည်ယဉ်ကျေးမှုခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် ဒါရိုက်တာ ဟုန်ဖုန်းကျီက ရွာကလေး၏ထူးခြားသောယဉ်ကျေးမှုကို ပြောပြပေးသည်။

ဒေသခံကုန်သည်များ ဝင်ရောက်လာသည်သာမက ကွမ်ကျိုး၊ စိန်းကျိန့်စသည့်နေရာများမှ ငွေထည် ပစ္စည်း ကုန်သည်နှင့်လုပ်ငန်းများလည်း ရွာထဲတွင် အခြေစိုက်လာကြောင်း သူက မိတ်ဆက်ခဲ့သည်။ ဟက်ချင့်ငွေထည်ပစ္စည်းရောင်းချရေးလမ်းကြောင်းကို ပိုမိုချဲ့ထွင်ရန် “အင်တာနက်ကွန်ရက်+”စင်မြင့် ကိုလည်း မှီခိုအားထားရာ ရှင်းဟွာငွေထည်လုပ်သားကျေးရွာ ငွေထည်ပစ္စည်း live တိုက်ရိုက်ထုတ်လွှင့်ရေးစခန်းကို တည်ထောင်ထားသည်။


သတင်းရင်းမြစ်- ယူနန်နေ့စဉ်သတင်းစာ
 

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ။ ။ သမိုင်း၏ “ပုံရိပ်အမှတ် အသား”တွင် လွမ်းဆွတ်သတိရမှုများကျန်ရစ်ခဲ့သောတာ့လီ