ယခုနှစ်နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း(၈၀၀၀)ကျော်မည်ဟု ခန့်မှန်း

2022-07-14 19:40:26
အရင်းအမြစ်:新华网

ဇူလိုင်လ(၁၁)ရက်‌နေ့ ကမ္ဘာ့ကုလသမဂ္ဂမှထုတ်ပြန်သော “ ၂၀၂၂ ခုနှစ် ကမ္ဘာလူဦးရေမျှော်မှန်းချက်”အစီရင်ခံစာတွင် ယခုနှစ် နိုဝင်ဘာလ၌ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း(၈၀၀၀)ကျော်နိုင်မည်ဟု ဖော်ပြထားပါသည်။


နိုင်ငံအများရှိ မွေးဖွားနှုန်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း သိသာစွာကျဆင်းလာကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၂၀၂၀ ပြည့်နှစ်၌ (၁)ရာခိုင်နှုန်းအောက်သို့ ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အစီရင်ခံစာအရ တစ်ကမ္ဘာလုံးရှိ အသက်(၆၅)နှစ်နှင့်အထက်ရှိ လူဦးရေအချိုးအစားသည် ၂၀၂၂ ခုနှစ်တွင် (၁၀) ရာခိုင်နှုန်းရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် (၁၆)ရာခိုင်နှုန်းအထိ တိုးလာနိုင်မည်ဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ လူတစ်ဦးချင်းပျှမ်းမျှခန့်မှန်းအသက်သည် ၂၀၁၉ ခုနှစ်တွင် (၇၂.၈)နှစ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ထက် (၉)နှစ် တိုးလာသည်။ သို့သော် အဆိုပါကိန်းဂဏန်းသည် ၂၀၂၁ ခုနှစ်တွင် (၇၁)နှစ်သို့ ကျဆင်းခဲ့သည်။ အဓိက အကြောင်းအရင်းသည် ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ဖြစ်သည်ဟုသိရသည်။
မူရင်း - ဆင်ဟွာကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway

 

ယခုနှစ်နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း(၈၀၀၀)ကျော်မည်ဟု ခန့်မှန်း