တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက် ရွှေလီမြို့တွင် ဖွင့်လှစ်

2022-07-20 19:26:47
အရင်းအမြစ်:德宏州委宣传部

တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်ကို ရွှေလီမြို့ လုံးမွန်ဟူဥယျာဥ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။

“ဒီပြတိုက်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူပြည်သားတို့ ယဥ်ကျေးမှုဖလှယ်နိုင်တဲ့ ပလက်ဖောင်း အသစ် ဖြစ်ပါတယ်”ဟု သက်ဆိုင်ရာ တာဝန်ရှိသူ ကပြောသည်။ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်သည် တရုတ်နိုင်ငံ စုံချင့်လင်းဖောင်ဒေးရှင်း တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာ ပြည်သူပြည်သားများဖောင်ဒေးရှင်းမှ ပံ့ပိုးတည်ဆောက်ပြီး တယ်ဟုန်ပြည်နယ်ခွဲ လူမှုသိပ္ပံအကယ်ဒမီ (တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာဆက်ဆံရေးသုတေသနဌာန) ၊ တယ်ဟုန်ပြည်နယ်ခွဲ စာကြည့်တိုက်၊ ရွှေလီမြို့ပါတီကော်မတီပြန်ကြားရေးဌာန၊ ရွှေလီမြို့စာကြည့်တိုက်တို့ အတူတကွ တာဝန်ယူ၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆိုပါစမတ်စာကြည့်တိုက်ကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် ပြီးစီးခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်မိတ်ဆက်ပေးခဲ့ပါသည်။


(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)


 

တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက် ရွှေလီမြို့တွင် ဖွင့်လှစ်