ချုံချင့်-မော်စကို တရုတ်မီးရထားအထူးကုန်ပို့သီးသန့်မီးရထားတွဲ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲ

2022-07-26 10:52:51
အရင်းအမြစ်:新华网

ဇူလိုင်လ ၂၁ ရက်နေ့တွင် CHANGAN မော်တော်ကား ၂၀၇စီး တင်ဆောင်လာသော တရုတ်မီးရထားအထူးကုန်ပို့သီးသန့်မီးရထားတွဲ(JSQ)သည် တရုတ်နိုင်ငံ ချုံချင့်မြို့ ယူကျိုဘူတာမှ ထွက်ခွာပြီး ရှင်းကျန်းဟော်အလ်ကော်နယ်စပ်ဂိတ်အား ဖြတ်ကျော်ကာ နောက်ဆုံးတွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ၎င်းသည် ချုံချင့်-မော်စကို တရုတ်မီးရထားအထူးကုန်ပို့ သီးသန့်မီးရထားတွဲ၏ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲခြင်းဖြစ်သည်။ တရုတ်-ဥရောပမီးရထားတွဲ၏ ကုန်စည်ပို့ဆောင်ရေးအားသာချက်ကို အမှီပြုကာ ကုန်စည်တင်မီးရထားတွဲသည် ချုံချင့်မှ မော်စကိုသို့ ယခင်ကြာချိန် ၃၅ ရက်မှ ၁၈ ရက်အထိ လျှော့ချနိုင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ်- ဆင်ဟွာကွန်ရက်၊ ဘာသာပြန်- Yunnan gateway)
 

ချုံချင့်-မော်စကို တရုတ်မီးရထားအထူးကုန်ပို့သီးသန့်မီးရထားတွဲ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲ