ပန်ဒါဖိုကြီး အမ်းအမ်းသည် အသက် ၃၅ နှစ်တွင် တရုတ်ဟောင်ကောင်၌ သေဆုံးခဲ့

2022-07-26 11:04:06
အရင်းအမြစ်:新华网

တရုတ်ဟောင်ကောင်ပင်လယ်ဥယျာဥ်မှ ပန်ဒါဖိုကြီး အမ်းအမ်းသည် အသက် ၃၅ နှစ်အရွယ်တွင် သေဆုံးသွားကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

အမ်းအမ်းသည် လက်ရှိကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးသော ခြံတွင်းမွေးမြူသည့်ပန်ဒါဖိုဖြစ်သည်။ သူသည် လွန်ခဲ့သော သီတင်းပတ်တွင် ကျန်းမာရေးအခြေအနေ တစ်ဖြည်းဖြည်းချင်းဆိုးဝါးခဲ့ပြီး အစာအစားခြင်းနှင့် လှုပ်ရှားခြင်းတို့ များစွာလျှော့နည်းလာခဲ့သည်။

ဟောင်ကောင်ပင်လယ်ဥယျာဥ်နှင့် တရုတ်ပန်ဒါကာကွယ်စောင့်ရှောက်ရေး သုတေသနစင်တာမှ ကျွမ်းကျင်ပညာရှင်များသည် အမ်းအမ်းအား ဆေးကုသပေးခြင်းနှင့် ကျွေးမွေးစောင့်ရှောက်ခြင်းအတွက် အမြဲတမ်း နီးစပ်စွာ အပြန်အလှန်ဆက်ဆံခဲ့ပြီး အမ်းအမ်းနှင့်ကိုက်ညီသော ဆေးကုသနည်းကို ချမှတ်ခဲ့ပါသည်။ သို့သော် သူ၏ကျန်းမာရေးသည် မကြားသေးမီရက်ပိုင်းတွင် ဆိုးဝါးခဲ့သည်။ ဟောင်ကောင်ပင်လယ်ဥယျာဥ်သည် ခရီးသည်များအတွက် အမ်းအမ်းကို ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခြင်းဆောင်ရွက်နိုင်ရန် စီစဥ်ထားရှိသည်။

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

ပန်ဒါဖိုကြီး အမ်းအမ်းသည် အသက် ၃၅ နှစ်တွင် တရုတ်ဟောင်ကောင်၌ သေဆုံးခဲ့