မြန်မာနိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများလာ

2022-07-26 11:05:32
အရင်းအမြစ်:新华网

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေသည် ပြီးခဲ့သည့်နှစ်တစ်နှစ်လုံးတွင် ဖြစ်ပွားသူဦးရေထက် ပိုများလာပြီး စုစုပေါင်း ၇၈၃၅ ဦးရောက်ရှိကာ ၎င်းအနက် သေဆုံးသူ ၃၁ ဦး ရှိသည်။

ယခင်က မြန်မာနိုင်ငံ၏ သက်ဆိုင်ရာမှထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၅၄၄၆ ဦးရှိပြီး ၎င်းအနက် ၃၆ ဦး အသက်ဆုံးခဲ့သည်။

သက်ဆိုင်ရာသတင်းများအရ သွေးလွန်တုပ်ကွေးရောဂါသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းစသည့်နေရာများ၌ မိုးရာသီတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၂၀၀ နီးပါးသည် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ပါသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

 

မြန်မာနိုင်ငံ၏ ယခုနှစ် ပထမနှစ်ဝက်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများလာ