၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာစားသုံးမှုကုန်စည်ပြပွဲကို ဖွင့်လှစ်ကျင်းပပြီး ပြည်တွင်းပြည်ပမှ ကုန်အမှတ်တံဆိပ် ၂၈၀၀ ကျော် ပါဝင်ပြသခဲ့

2022-07-27 19:33:18
အရင်းအမြစ်:新华网

ဇူလိုင်လ ၂၅ ရက်နေ့တွင် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာစားသုံးမှုကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ကုန်အမှတ်တံဆိပ် ၂၈၀၀ ကျော် ပါဝင်ပြသခဲ့ကာ ကမ္ဘာ့တစ်ဝန်းကုန်စည်အမျိုးအစားသစ် ၆၀၀ ကျော်သည် ၎င်းပြပွဲတွင် ပထမဆုံးအကြိမ် ပရိသတ်များနှင့် ပွဲဦးထွက်မိတ်ဆက်ခဲ့ပါသည်။

တရုတ်နိုင်ငံတကာစားသုံးမှုကုန်စည်ပြပွဲသည် တရုတ်နိုင်ငံတွင် ပထမဆုံးသော စားသုံးမှုအား အဓိကဆောင်ပုဒ်ဖြင့် ကျင်းပသော အမျိုးသားအဆင့် ကုန်စည်ပြပွဲဖြစ်သကဲ့သို့ အာရှတိုက်-ပစိဖိတ်သမုဒ္ဒရာတစ်ဝန်း အတိုင်းအတာအကြီးမားဆုံးသော စားသုံးမှုကုန်စည်ပြပွဲလည်းဖြစ်သည်။

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)


 

၂၀၂၂ ခုနှစ် တရုတ်နိုင်ငံတကာစားသုံးမှုကုန်စည်ပြပွဲကို ဖွင့်လှစ်ကျင်းပပြီး ပြည်တွင်းပြည်ပမှ ကုန်အမှတ်တံဆိပ် ၂၈၀၀ ကျော် ပါဝင်ပြသခဲ့