တာ့လီ-ရွှေလီ မီးရထားလမ်း တာ့လီ-ပေါင်ဆန်အပိုင်း တရားဝင်ဖွင့်လှစ်
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်-တာ့လီ C296 ကျည်ဆန်ရထားကို မကြာမီက စတင်ခုတ်မောင်းပြေးဆွဲခဲ့ပါသည်။ ၎င်းမှာ တာ့လီ-ရွှေလီ မီးရထားလမ်း တာ့လီ-ပေါင်ဆန်အပိုင်းကို တရားဝင်ဖွင့်လှစ်ပြီး တရုတ်-မြန်မာ နိုင်ငံတကာမီးရထားလမ်းကြောင်း တည်ဆောက်ရေးမှာ အရေးကြီးသော တိုးတက်မှု ရရှိခဲ့သည်ဟု ပြဆိုပါသည်။
တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်း၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည့် တာ့လီ-ရွှေလီမီးရထားလမ်းသည် အရှေ့ဘက်တွင် တရုတ်နိုင်ငံယူနန်ပြည်နယ် တာ့လီမြို့ ဖြစ်ပြီး အနောက်ဘက်တွင် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့ ဖြစ်ကာ စုစုပေါင်း အရှည် ကီလိုမီတာ ၃၃၀ ရှိပါသည်။ တာ့လီ-ပေါင်ဆန်နှင့် ပေါင်ဆန်- ရွှေလီ နှစ်ပိုင်းခွဲပြီး တည်ဆောက်ထားသည်။ လက်ရှိ ပေါင်ဆန်-ရွှေလီအပိုင်းကို စနစ်တကျ တည်ဆောက်နေဆဲဖြစ်ပြီး တာ့လီ-ပေါင်ဆန်အပိုင်းကို ၁၄ နှစ်ကြာ ကြိုးပမ်းဆောင်ရွက်ကာ မူလလျာထားချက်အတိုင်း တည်ဆောက်ပြီးစီးခဲ့ပါသည်။ ၎င်းမှာ တံခါးဖွင့်ရေးမူဝါဒကို ဇောက်ချကျင့်သုံးရန်၊ ယူနန်ပြည်နယ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား အပြန်အလှန် ဆက်သွယ်ရေးကို အကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို ဝန်ဆောင်မှုပေးရန် အရေးကြီးသော အဓိပ္ပါယ်ရှိပါသည်။