တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အမေရိကန်နိုင်ငံက ချိုးဖောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မှတ်ချက်ပြု

2022-08-03 13:10:50
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ၏ လေးနက်သော ပြောကြားချက်များကို လျစ်လျူရှုကာ အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီသည် ထိုင်ဝမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ထိုသို့လုပ်ဆောင်မှုသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြင်းထန်စွာ ချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိပါးခြင်း၊ နိုင်ငံရေးအရ ရန်စမှုများကို ထင်ထင်ရှားရှား ဖော်ပြလိုက်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်သည် တရုတ်ပြည်သူများအကြား အမျက်ဒေါသကို နှိုးဆွပေးလျက်ရှိသလို နိုင်ငံတကာအသိုင်းအဝိုင်းမှ ကန့်ကွက်မှုကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အမေရိကန်နိုင်ငံက ချိုးဖောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်များကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ (Xinhua)

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အမေရိကန်နိုင်ငံက ချိုးဖောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မှတ်ချက်ပြု