တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် ယခုနှစ် ပထမနှစ်ဝက်တွင် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုတန်ဖိုးသည် တရုတ်ယွမ် ၃ .၇ ဘီလီယံ ကျော်လွန်ခဲ့

2022-08-04 19:25:34
အရင်းအမြစ်:德宏州委宣传部

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်း၌ ကြံ၊ သရက်သီး၊ ဖရဲသီးများ အပြည့်တင်ဆောင်ထားသော ကုန်တင်ကားကြီးများသည် အစားထိုးယာဉ်မောင်းစနစ်သုံးခုကို ကျင့်သုံးကာ ဝမ်တိန်ကို ဝင်ရောက်လာပြီး အဓိကစျေးကွက်နှင့် သကြားစက်ရုံများသို့ မောင်းနှင်သွားကြပါသည်။

ယခုရက်ပိုင်းတွင် ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းသည် “သွားလာသူ စီမံခွဲခန့်မှုဖြင့် ကုန်စည်စီးဆင်းရေး အဆင်ပြေစေရန် အာမခံခြင်း”ဟူသော လိုအပ်ချက်အတိုင်း ဇုန်များအား ခွဲခြားပြီး အဆင့်ဆင့် စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးပါသည်။ ကြားခံဇုန်အား သတ်မှတ်ခြင်း၊ အကောက်ခွန် ရှင်းလင်းရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းနှင့် ပို့ကုန်သွင်းကုန် အစားထိုးယာဉ်မောင်း အစီအစဥ်ကို လေျှာ့ချခြင်းစသည်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လာသည်နှင့်အမျှ ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏမှာ ပြန်လည်နာလန်ထူခဲ့ပါသည်။ “နောက်တစ်ဆင့်မှာ ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းဟာ သွင်းကုန်အမျိုးအစားကို အချိန်နဲ့တပြေးညီ တိုးမြှင့်ပေးမှာပါ။ ဥပမာဆိုရင် ငါးရှဉ့် နဲ့ ကဏန်းများအပါအဝင် ရေထွက်ကုန်တွေနဲ့ အေးခဲထားတဲ့ ထုတ်ကုန်တွေကို ပြန်လည်တင်သွင်းနိုင်ဖို့ ပုံမှန်ဖြစ်စေမှာပါ။ ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းကို ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်ပြီး မြန်မာနိုင်ငံနဲ့ အပြန်အလှန်ဖွင့်လှစ်ဖို့ ရေရှည် ရည်ရွယ်ထားပါတယ်။ နယ်စပ်ဒေသ အကောက်ခွန် ရှင်းလင်းမှု စမတ်ကျမှု၊ အဆင်ပြေစေမှုနဲ့ အလုပ်တွင်ကျယ်မှုနဲ့ ကုန်စည်စီးဆင်းရေး ချောမွေ့စေမှုအစရှိတဲ့ ရည်ရွယ်ချက်ကို ဖြစ်မြောက်စေပါမယ်”ဟု ရွှေလီမြို့ ဝမ်တိန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဇုန် ကော်မတီမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် ပြည်ဝင် ပြည်ထွက် ကုန်တင်ကားများ၏ ကုန်စည်ပို့ဆောင်ရေးပမာဏ သိသိသာသာ တိုးမြှင့်ပြီး သယ်ယူ ပို့ဆောင်သည့် ပို့ကုန်သွင်းကုန်ပမာဏမှာ တန်ချိန် ၆၂၂၈၀၀ ရှိကာ ပို့ကုန်သွင်းကုန်ကုန်သွယ်မှု တန်ဖိုးမှာ တရုတ်ယွမ် ၃.၇၉၈ ဘီလီယံ ရှိကြောင်း သိရပါသည်။ ၎င်းအနက် ဇွန်လတွင် ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် ပြည်ဝင် ပြည်ထွက် ကုန်တင်ကားမှာ အစီးရေ ၉၀၀၀ ရှိပြီး နေ့စဥ် ပြည်ဝင် ပြည်ထွက် ကုန်တင်ကား ၃၀၄ စီးရှိပါသည်။ သယ်ယူပို့ဆောင်သည့် ကုန်သွယ်မှုတန်ဖိုးမှာ တရုတ်ယွမ် ၁.၃ ဘီလီယံ ရရှိပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ဝမ်တိန်နယ်စပ်ဂိတ် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် နေ့စဉ်ကုန်စည်ပို့ဆောင်မှုပမာဏသည် ၅၅.၅% ပြန်လည်ရရှိခဲ့ကာ နေ့စဥ်ကုန်သွယ်မှုပမာဏ ၃၄၂.၆% တိုးလာခဲ့သည်။

(သတင်းရင်းမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဝမ်တိန် မန်မိုင်လမ်းကြောင်းမှတစ်ဆင့် ယခုနှစ် ပထမနှစ်ဝက်တွင် ပို့ကုန်သွင်းကုန် ကုန်သွယ်မှုတန်ဖိုးသည် တရုတ်ယွမ် ၃ .၇ ဘီလီယံ ကျော်လွန်ခဲ့