တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မူဆယ်ဒေသအား တရုတ်ငွေယွမ် ၃ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခဲ့

2022-08-05 19:09:57
အရင်းအမြစ်:德宏州委宣传部

သြဂုတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မူဆယ်ဒေသအား ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရွှေလီမြို့ ဝမ်တိန် မန်မိုင်လမ်းကြောင်းတွင် ကျင်းပကြောင်း သိရပါသည်။

အဆိုပါလှူဒါန်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများမှာ ဆေးဘက်ဆိုင်ရာ အကာအကွယ်မျက်နှာဖုံးများ၊ ဆေးဘက်ဆိုင်ရာခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ၊ ဆေးဘက်ဆိုင်ရာတစ်ခါသုံး အကာအကွယ် အဝတ်အစားများ၊ ဆေးဘက်ဆိုင်ရာအကာအကွယ်ဖိနပ်အဖုံးများ၊ တစ်ခါသုံးဆေးဘက်ဆိုင်ရာ လက်အိတ်စသည်တို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ တရုတ်ငွေယွမ် ၃ သိန်းဖြစ်ပါသည်။


“တရုတ်-မြန်မာနှစ်နိုင်ငံ တောတောင်ရေမြေ ထိစပ်လျက်ရှိပြီး ပြည်သူလူထုတို့သည် အေးအတူပူအမျှ ကံကြမ္မာနှင့် ယဉ်ကျေးမှုချင်း တူညီကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းလျက်ရှိပါတယ်။ အခုအကြိမ် မူဆယ်ဒေသအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။ နယ်စပ်ဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စွမ်းရည် အတူမြှင့်တင်ဖို့၊ တရုတ်-မြန်မာ ကုန်သွယ်မှု ချောမွေ့စေဖို့နဲ့ နှစ်နိုင်ငံပြည်သူပြည်သားတို့ အပြန်အလှန် စီးဆင်းရေး တွန်းအားပေးဖို့အတွက် အခြေအနေတွေကို ဖန်တီးဖို့ အဓိက ရည်ရွယ်ထားပါတယ်”ဟု တယ်ဟုန်ပြည်နယ်ခွဲ နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူက ပြောကြားပါသည်။


ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၏ ဒေသအစိုးရတို့သည် အပြန်အလှန် အားပေးထောက်ခံပြီး နယ်စပ်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးယန္တရားစနစ်ကို အချိန်မီ တည်ဆောက်ခဲ့ရာ နိုင်ငံဖြတ်ကျော် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးထိန်းချုပ်နိုင်သည့်အတွက် တရုတ်-မြန်မာ ပြည်သူပြည်သားတို့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို သိသိသာသာ ရောင်ပြန်ဟပ်လျက်ရှိသည်။


(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မူဆယ်ဒေသအား တရုတ်ငွေယွမ် ၃ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခဲ့