အာရှတိုက်တွင် အရှည်လျားဆုံး တောင်တန်းများကြား မီးရထားသံလမ်းဥမင်လိုဏ်ခေါင်းသည် လွန်ခဲ့သော ၇နှစ်အတွင်း စုစုပေါင်းအရှည် ၁၆.၇ ကီလိုမီတာ တူးဖော်ဖောက်လုပ်ခဲ့

2022-08-10 11:52:58
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း တာ့လီမှ တရုတ်-မြန်မာနယ်စပ်ဖြစ်သော ရွှေလီမြို့အထိ ရောက်ရှိသည့် မီးရထားလမ်းသည် စုစုပေါင်းအရှည် ၃၂၉.၅၄၅ ကီလိုမီတာ တူးဖော်ဖောက်လုပ်မည်ဖြစ်ပြီး တာ့လီ-ပေါင်စန်းနှင့် ပေါင်စန်း-ရွှေလီ လမ်းပိုင်း နှစ်ပိုင်းခွဲကာ လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။ တာ့လီ-ပေါင်စန်းလမ်းပိုင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် တည်ဆောက်ပြီးစီးပြီး မီးရထားစတင်ပြေးဆွဲခဲ့ပြီး ကျန်ရှိနေသေးသည့် ပေါင်စန်း-ရွှေလီလမ်းပိုင်းသည် လက်ရှိတွင် ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။ အာရှတိုက်တွင် အရှည်လျားဆုံးသော တောင်တန်းများကြား မီးရထားလမ်းဥမင်လိုဏ်ခေါင်းဖြစ်သော ကောင်းလိကုန်းတောင်ဥမင်လိုဏ်ခေါင်းသည် ပေါင်စန်း-ရွှေလီလမ်းပိုင်းအနက် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ၎င်းဥမင်လိုဏ်ခေါင်းသည် တရုတ်နိုင်ငံ၏အရှည်လျားဆုံးသော တောင်ဘက်မှ မြောက်ဘက်ဆီကို တိုးချဲ့သော တောင်တန်း ဟန်တွန့်တောင်တန်းကို ဖြတ်သွားမည်။ ၎င်းကို ၂၀၁၅ ခုနှစ်တွင်စတင်တူးဖော်ဖောက်လုပ်ခဲ့ကာ လက်ရှိတွင် ၁၆.၇ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းစုစုပေါင်းအရှည်၏ ထက်ဝက်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ်- Xinhua မှ ကောက်နုတ်တင်ပြခြင်း၊ ဘာသာပြန်- Yunnan gateway)
 

အာရှတိုက်တွင် အရှည်လျားဆုံး တောင်တန်းများကြား မီးရထားသံလမ်းဥမင်လိုဏ်ခေါင်းသည် လွန်ခဲ့သော ၇နှစ်အတွင်း စုစုပေါင်းအရှည် ၁၆.၇ ကီလိုမီတာ တူးဖော်ဖောက်လုပ်ခဲ့