【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】အာရှဆင်များကားလမ်းမကြီးဖြတ်သန်းပြီး အစာရှာစားကြရာ ဝန်ထမ်းများမှ “အစောင့်အကြပ်”လုပ်ဆောင်ပေး

2022-08-10 11:56:48
အရင်းအမြစ်:云南日报

စစ်ဆောင်ပန်းနားမှနေ မြောက်ဘက်သို့ ရွှေ့ပြောင်းခရီးထွက်သော အာရှဆင်ရိုင်းများကို တွေ့နေစဥ်(ပုံဟောင်း)

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား မုန့်ယောင်ကျီကာကွယ်‌ရေးဇုန်အပိုင်းတွင် ကားလမ်းမပေါ် ကားများသွားလာလျက်ရှိသည်။ ကားလမ်းအောက်ရှိ သစ်တောထဲတွင် အစာရှာနေသည့် အာရှဆင်ရိုင်း(၇)ကောင်သည် လမ်းပေါ်ကိုခဏစောင့်ကြည့်ပြီး “မူလအစီအစဉ်”အတိုင်း လမ်းမပေါ်သို့ ထွက်လာလေသည်။ လမ်းသွားလမ်းလာများသည် သတိပေးဝန်ထမ်းများ၏ လမ်းညွန်မှုဖြင့် တိမ်းရှောင်ခဲ့ကြရာ ဆင်အုပ်စုသည် ကားလမ်းမကြီးကို ဖြတ်ကူးပြီး ကားလမ်းအထက်ပိုင်းရှိ သစ်တောထဲသို့ ဆက်လက်ထွက်ခွာပြီးအစာရှာဖွေခဲ့ကြသည်။

“ဒီလိုအခြေအနေမျိုး တစ်လမှာ အကြိမ်ပေါင်းများစွာ ရှိတတ်တယ်။” စစ်ဆောင်ပန်းနားသက်ဆိုင်ရာဌာနမှ ဆင်ရိုင်းများကာကွယ်ရေးဝန်ထမ်း ရိန်းဟန်လုက မိတ်ဆက်ပြောဆိုပါသည်။ အဆိုပါ(၄)ကီလိုမီတာရှည်လျားသော လမ်းအပိုင်းတွင် ခရီးသည်များ ရပ်နားထားသည့် ကားအရေအတွက်များသောကြောင့် မနီးမဝေးတွင် ဝန်ထမ်းများစောင့်ကြည့်ရန် စီစဉ်ထားရှိသည်။ အာရှဆင်များ အဆိုပါဧရိယာအနားသို့ ရောက်ရှိတိုင်း လူနှင့်ဆင်များ၏ လုံခြုံရေးအတွက် ဝန်ထမ်းအဖွဲ့တစ်ဖွဲ့သည် ခရီးသည်များ တိမ်းရှောင်နိုင်ရန် ချက်ချင်း လမ်းညွှန်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)

 

【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】အာရှဆင်များကားလမ်းမကြီးဖြတ်သန်းပြီး အစာရှာစားကြရာ ဝန်ထမ်းများမှ “အစောင့်အကြပ်”လုပ်ဆောင်ပေး