【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】တရုတ်-လာအိုအတူလက်တွဲကာ အာရှဆင်များအား “နယ်စပ်ဖြတ်ကျော်” ထိန်းသိမ်းကာကွယ်မှုလုပ်ဆောင်နေ

2022-08-10 11:59:00
အရင်းအမြစ်:云南日报

အာရှဆင်ရိုင်းကို တွေ့နေစဥ်။

ယခုရက်ပိုင်း အာရှဆင်ရိုင်း(၂)ကောင်သည် ပြည်ပသစ်တောမှ တရုတ်-လာအိုနယ်စပ် မော်ဟန်းနယ်စပ် စစ်ဆေးရေးဂိတ် မုန်ယွင်ဂိတ်ခွဲလမ်းကြောင်းအနီးသို့ ရောက်ရှိလာခဲ့သည်။ ဂိတ်ခွဲရဲတပ်ဖွဲ့သည် ကြိုတင် စီမံချက်အရ ချက်ချင်းအရေးယူလုပ်ဆောင်ခဲ့သည်။ နောက်ဆုံး၌ အာရှဆင်ရိုင်း(၂)ကောင်သည် နယ်စပ်စစ်ဆေးရေးလမ်းကြောင်းကို ဖြတ်ကျော်ပြီး ပြည်ဝင်ခဲ့ရာ လမ်းနံဘေးရှိသစ်တောထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။

ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား နိုင်ငံတော်အဆင့် သဘာဝကာကွယ်ရေးဇုန်တွင် ကာကွယ်ရေးဇုန်ခွဲ(၅) ခု ရှိသည်။ ၎င်းတို့အနက် မုန်လှနှင့်စန့်ယုံကာကွယ်ရေးဇုန်ခွဲ(၂)ခုသည် လာအိုနိုင်ငံနှင့် ဆက်စပ်နေပြီး နယ်နိမိတ်လိုင်း(၁၀၈)ကီလိုမီတာရှည်လျားသည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်-လာအို နှစ်ဦးနှစ်ဖက်မှ ပထမဆုံးသော တရုတ်-လာအို နယ်စပ်ဖြတ်ကျော်ပူးတွဲကာကွယ်ရေးနယ်မြေ-တရုတ်နိုင်ငံ စစ်ဆောင်ပန်းနား စန့်ယုံ-လာအိုLouang Namtha ပြည်နယ်နန်မူဟာ ဇီဝမျိုးစိတ်မျိုးကွဲ ပူးတွဲကာကွယ်ရေးနယ်မြေကို သတ်မှတ်ခဲ့ပါသည်။ ဤသို့ဖြင့် တရုတ်-လာအိုဇီဝမျိုးစိတ်မျိုးကွဲ နယ်စပ်ဖြတ်ကျော်ပူးတွဲကာကွယ်ရေး၏နိဒါန်းကို စတင်ခဲ့ပါသည်။

၂၀၁၀ ပြည့်နှစ် တရုတ်-လာအိုနယ်စပ်မျဉ်းပေါ်တွင် ပူးတွဲကာကွယ်ရေးနယ်ပယ်(၃)ခု အသစ်ထပ်တိုးခဲ့ သည်။ တောင်ပိုင်းအစသည် လာအိုနိုင်ငံ Louang Namtha ပြည်နယ်နန်မူဟာ နိုင်ငံတော်အဆင့် သဘာဝကာကွယ် ရေးဇုန် ဖြစ်ပြီး မြောက်ပိုင်းသည် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနား မုန်လှမုန်ကျီကာကွယ်ရေးဇုန်ဖြစ်သည်။ စုစုပေါင်း(၂၂၀)ကီလိုမီတာရှည်လျားသော မျက်နှာပြင်ဧရိယာ ၄၉၄၂၁၀.၇၆ ဧကခန့်ရှိသော နယ်စပ်ဖြတ်ကျော် ပူးတွဲကာကွယ်ရေးနယ်မြေကို စတင်ခဲ့သည်။ ယခု တရုတ်-လာအိုနယ်စပ်ဖြတ်ကျော် ပူးတွဲကာကွယ်ရေးသည် နှစ်နိုင်ငံ အစိုးရအဆင့်ရှိ ပူးပေါင်းဆောင်ရွက်မှုရှိနေပါပြီ။ နယ်စပ်ဒေသရှိ အာရှဆင်နှင့် ဇီဝမျိုးစိတ်မျိုးကွဲများအတွက် ဂေဟလုံခြုံရေးကာကွယ်မှုကို ထောက်ပံ့ပေးပြီး တရုတ်နိုင်ငံဂေဟကာကွယ်ရေး၏ “နယ်စပ်ဖြတ်ကျော်” မှုကို စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။

“၂၀၁၆ ခုနှစ်တွင် တရုတ်-လာအိုနယ်စပ်ဖြတ်ကျော် ကာကွယ်ရေးနယ်မြေ တောရိုင်းတိရစ္ဆာန်အရင်းအမြစ်စစ်တမ်း ပြုစုသည့်အခါ အာရှဆင်ရိုင်းများသာမက ကျားသစ်၊ Large Indian civet၊ Small Indian civet၊ ဝက်ဝံ စသည့် တောရိုင်းတိရစ္ဆာန်များစွာ၏ပုံရိပ်ကိုလည်း ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါသည်။”
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)

 

【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】တရုတ်-လာအိုအတူလက်တွဲကာ အာရှဆင်များအား “နယ်စပ်ဖြတ်ကျော်” ထိန်းသိမ်းကာကွယ်မှုလုပ်ဆောင်နေ