【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】 အာရှဆင်မွေးမြူရေးစခန်းတွင် ဒဏ်ရာရသောအာရှဆင်များအတွက် နွေးထွေးသောအိမ် တည်ဆောက်ပေး

2022-08-10 12:03:52
အရင်းအမြစ်:云南日报

၂၀၀၅ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် ဒဏ်ရာရနေသော အသက်(၃)နှစ်အရွယ်ရှိ အာရှဆင်လေးကို သစ်တောထဲတွင်တွေ့ရှိခဲ့သည်။ ဒေသခံလူအင်အားရာချီကိုစုစည်းပြီး ကယ်ဆယ်ရေးအဖွဲ့ဖွဲ့ကာ ဆင်ရိုင်းအုပ်စုများ၏ တိုက်ခိုက်မှုအန္တရာယ်ကိုရင်ဆိုင်ပြီး ဆင်ကလေးကို ဆေးကုသမှုများကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံပြည်တွင်းမှ ဒဏ်ရာရသော ဆင်ရိုင်းကို ဆင်အုပ်စုထဲမှ အောင်မြင်စွာ မေ့ဆေးပေးပြီး ကယ်တင်ခဲ့သည့် ပထမဆုံးစံပြဖြစ်ပါသည်။

ပြင်ပ၌ဒဏ်ရာရသည့် သို့မဟုတ် ရောဂါရသည့် အာရှဆင်ရိုင်းများကို ကယ်တင်မှုများ လုပ်ဆောင်လာသည်နှင့်အတူ ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံတော်မှ တရုတ်ငွေယွမ်သိန်း(၇၀)ရင်းနှီးမြှုပ်နှံပြီး ဆင်ရိုင်းချိုင့်ဝှမ်း၌ တရုတ်နိုင်ငံ၏ ပထမဆုံး အာရှဆင်မွေးမြူရေးစခန်းကို တည်ဆောက်ခဲ့သည်။ ဆင်နေအဆောင်၊ မျိုးပွားအခန်း၊ သားဖွားအခန်း၊ ရောဂါစစ်ဆေးအခန်း၊ ကုသခန်း၊ စီမံအုပ်ချုပ်ရေးရုံးခန်း စသည်တို့ပါဝင်သော နောက်ဆက်တွဲလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ယခု ကယ်တင်ခဲ့သော အာရှဆင်(၉)ကောင်သည် မွေးမြူရေးစခန်းထဲ၌ အခြေချနေထိုင်နေပြီဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် ဒဏ်ရာရပြီးကယ်တင်ခံ‌ရသော ဆင်ရိုင်း“ယံယံ”သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်အစောပိုင်းတွင် ကျန်းမာသောဆင်ကလေးတစ်ကောင်ကို မွေးဖွားခဲ့ပါသည်။ ကယ်တင်ပြီးနောက် လူသားဝင်ရောက်စွက်ဖက်မှုဖြင့် ကိုယ်ဝန်ဆောင်ပြီး ဆင်ကလေး မွေးဖွားသော ပထမဆုံးသော အာရှဆင်ဖြစ်ခဲ့ပါသည်။

အာရှဆင်ရိုင်း ကယ်တင်ပေးခြင်းကို တွေ့နေစဥ်(ပုံဟောင်းများ)
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)
 

【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】 အာရှဆင်မွေးမြူရေးစခန်းတွင် ဒဏ်ရာရသောအာရှဆင်များအတွက် နွေးထွေးသောအိမ် တည်ဆောက်ပေး