【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】 စီးပွားရေးအာမခံဖြင့် လူနှင့်ဆင်ပဋိပက္ခများကို အဆင်ပြေစေ

2022-08-10 13:14:12
အရင်းအမြစ်:云南日报

ဆင်များနေ့တွင် လူများသည် စားကောင်းဖြင့် ဆင်ကြီးကျွေးနေစဥ်။ (ပုံဟောင်း)

ယခုရက်ပိုင်း စစ်ဆောင်ပန်းနားပြည်နယ်ခွဲအစိုးရမှ ထုတ်ပြန်သောကိန်းဂဏန်းအချက်အလက်များအရ အဆိုပါပြည်နယ်ခွဲအတွင်းရှိ အာရှဆင်အုပ်စုသည် (၂၀)ရာစု(၈၀)ဆယ်စုနှစ်များတွင် ရှိခဲ့သော အကောင်ရေ(၁၅၀)မှ ယခုအခါ အကောင်(၃၀၀)ကျော်အထိ ရောက်ရှိခဲ့သည်ကို တွေ့ရပါသည်။ မျိုးနွယ်အုပ်စုများ အဆက်မပြတ်တိုးပွားနေပြီး လှုပ်ရှားမှုဧရိယာ ပိုမိုတိုးချဲ့လာနေသောကြောင့် အာရှဆင်များသည် ကာကွယ်ရေးဇုန်မှထွက်ပြီး အစာရှာဖွေခြင်းသည် ရှောင်လွဲ၍မရသော အနေအထားဖြစ်လာပါသည်။

အာရှဆင်များ “အစာလုစား”သည့်အခြေအနေ၊ လူနှင့်ဆင်ပဋိပက္ခဖြစ်စေသည့်အခြေအနေများကို ဖြေရှင်းနိုင်ရန် စစ်ဆောင်ပန်းနားပြည်နယ်ခွဲသည် လူနှင့်ဆင် သဟဇာတအတူနေထိုင်သည့်ခြံကို တည်ဆောက်ရန် နည်းလမ်းအသစ်များကို ရှာဖွေလျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်တွင် အာရှဆင်ကြောင့်ဖြစ်ပွားသော လူမှုဘဏ္ဍာရေးဆုံးရှုံးမှုနှင့် လူထိခိုက်မှုပြဿနာများအတွက် စစ်ဆောင်ပန်းနားပြည်နယ်ခွဲအစိုးရသည် တရုတ်နိုင်ငံ China Pacific Insurance Company နှင့် အာမခံဝန်ဆောင်မှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ နှစ်စဉ် တရုတ်ငွေ(၁၄၇.၁)သိန်းယွမ်ငွေကို ထည့်သွင်းပြီး စီးပွားရေးအာမခံနည်းလမ်းဖြင့် အစိုးရဘဏ္ဍာရေးအရင်းအမြစ် မလုံလောက်သောပြဿနာကို ထိရောက်စွာ သက်သာစေပါသည်။

ပေါ်လစီစတင်သည့်နှစ်တွင် အများပြည်သူအစီရင်ခံစာ(၁၃၇)ခု လက်ခံရရှိခဲ့ပြီး ထိခိုက်ပျက်စီးမှု ယွမ်(၃.၈၂)သိန်းကျော်သတ်မှတ်ခဲ့ရာ အာမခံကုမ္ပဏီမှ ၎င်းအားလုံးကို ချက်ချင်းပေးချေမှု လုပ်ဆောင်ပေးခဲ့သည်။ ကိန်းဂဏန်းစုဆောင်းချက်အရ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ တောရိုင်းတိရစ္ဆာန် မတော်တဆမှုအတွက် ပြည်သူ့တာဝန်အာမခံငွေပမာဏသည် သန်းပေါင်း(၁၆၁)ယွမ်ရောက်ရှိကြောင်း၊ အမှန်တကယ် အာမခံ ပေးချေမှုပမာဏသည် သန်းပေါင်း(၁၃၉)ယွမ်ကျော်ရှိကြောင်း သိရှိရပါသည်။
(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)

 

【ဆင်များနှင့်အတူ ယူနန်ကိုလည်ပတ်စို့】 စီးပွားရေးအာမခံဖြင့် လူနှင့်ဆင်ပဋိပက္ခများကို အဆင်ပြေစေ