မျောက်ကျောက်ရောဂါသည် မျောက်များနှင့်မသက်ဆိုင်သဖြင့် မျောက်များကို တိုက်ခိုက်ခြင်းမပြုရန် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးပုဂ္ဂိုလ်အချို့က တိုက်တွန်း

2022-08-12 16:12:04
အရင်းအမြစ်:环球时报

မျောက်ကျောက်ရောဂါသည် ကမ္ဘာ့တစ်ဝန်းနေရာအသီးသီးတွင် ဖြစ်ပေါ်ခဲ့ပြီး မျောက်များအား တိုက်ခိုက်သောအပြုအမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မျောက်ကျောက်ရောဂါသည် လူသားအချင်းချင်းသာကူးစက်တတ်ပြီး ရောဂါဖြစ်ပွားမှုသည် မျောက်များနှင့်ဆက်စပ်မှုမရှိကြောင်း၊ ပထမဦးဆုံး မျောက်ကျောက်ဗိုင်းရပ်စ်ကို ဒိန်းမတ်နိုင်ငံရှိ တိရစ္ဆာန်ဥယျာဥ်တစ်ခု၏ မျောက်ကိုယ်ခန္ဓာတွင် တွေ့ရှိသောကြောင့် မျောက်ကျောက်ဟူသောအမည် ပေးခဲ့ခြင်းဖြစ်ကြောင်း စသဖြင့် လွန်ခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့ပါသည်။

မကြာခင်ကလည်း သတင်းများအရ ဘရာဇီးနိုင်ငံတွင် မျောက်များအား တိုက်ခိုက်ခြင်း၊ အဆိပ်ခတ်ခြင်း စသည့်သတင်းများ ထွက်ပေါ်လာခဲ့ပြီး Sao Paulo ပြည်နယ် Rio Preto ဒေသ သဘာဝနယ်မြေတစ်ခုအတွင်း မျောက် ၁၀ ကောင် အသတ်ခံခဲ့ရသည်။ အချို့သော တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ခြင်းပုဂ္ဂိုလ်များသည် တိရစ္ဆာန်တွေကို တိုက်ခိုက်ခြင်းထက် လူသားများက မိမိကိုယ်မိမိ ရောဂါဗိုင်းရပ်စ်မကူးစက်ရန် ဂရုစိုက်ခြင်းကို ပိုမိုလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည်။
(သတင်းရင်းမြစ်- huanqiu.com၊ ဘာသာပြန်- Yunnan gateway)

 

မျောက်ကျောက်ရောဂါသည် မျောက်များနှင့်မသက်ဆိုင်သဖြင့် မျောက်များကို တိုက်ခိုက်ခြင်းမပြုရန် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးပုဂ္ဂိုလ်အချို့က တိုက်တွန်း