အရှေ့တောင်အာရှနိုင်ငံများ ပထမဆုံး Z· Art “စကြဝဠာ(Metaverse)”နိုင်ငံဖြတ်ကျော် အနုပညာ ပူးတွဲပြပွဲ တယ်ဟုန်ပြည်နယ်ခွဲတွင် ပြသ

2022-08-12 17:33:38
အရင်းအမြစ်:德宏州委宣传部

တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာနမှ စီမံသော၊ Manno စွန့်ဦးတီထွင်မှုနှင့် သိပ္ပံနည်းပညာ ကုမ္ပဏီလီမိတက်မှ သုတေသနပြုသော Z· Art “စကြဝဠာ (Metaverse)”နိုင်ငံဖြတ်ကျော် အနုပညာ ပူးတွဲပြပွဲသည် သြဂုတ်လ ၉ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ၌ အွန်လိုင်းနှင့် အော့ဖ်လိုင်းမှတစ်ဆင့် တရားဝင် စတင်ပြသကြောင်း သိရပါသည်။

Z· Art “စကြဝဠာ (Metaverse)”နိုင်ငံဖြတ်ကျော် အနုပညာ ပူးတွဲပြပွဲ(ပထမအကြိမ်)တွင် ပြခန်းဇုန် ၃ ခုဖြင့် ခင်းကျင်းထားပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနုပညာရှင်များ၏ ပန်းချီလက်ရာများ၊ ဓာတ်ပုံများနှင့် တေးသီချင်း သီဆိုတင်ဆက်မှုတို့မှာ အဆိုပါပြခန်းဇုန်များတွင် ပြသကာ နိုင်ငံဖြတ်ကျော်ယဥ်ကျေးမှုဖလှယ်ရေး ပြုလုပ်သည်။ “သာယာလှပသောနေရာတစ်ခု- တယ်ဟုန် ပြည်နယ်ခွဲ”၊“တရုတ်အမေဇုန်-တယ်ဟုန် ပြည်နယ်ခွဲ”နှင့် “ပေါက်ဖော်နဲ့အတူ တရုတ်နိုင်ငံလည်ကြစို့ ။ ။ တာ့လီ-ရွှေလီရထားလမ်း လေ့လာကြည့်ရှုခြင်း”စသည့်ဗီဒီယိုများသည် ယခုနှစ်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲ၏ ဖွံ့ဖြိုးတိုးတက်မှုအပြောင်းအလဲကြီးများနှင့် သဘာဝအလှတရားများ ဖော်ပြထားပါသည်။ စကြဝဠာ (Metaverse)ပြခန်းမှတစ်ဆင့် ပွဲကြည့်ပရိသတ်များသည် “AI တယ်ဟုန်”မှ ရှင်းပြချက်များကို နားထောင်ရင်းနှင့် ပြပွဲကို နစ်မျောရှုစားနိုင်ပါသည်။

နောက်တစ်ဆင့်တွင် တယ်ဟုန်ပြည်နယ်ခွဲသည် Z· Art “စကြဝဠာ (Metaverse)”အား သယ်ဆောင်သူအဖြစ် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး၊ နယ်စပ်ဒေသ တံခါးဖွင့်လှစ်မှု၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းမှုစသည့်အကြောင်းအရာများကို နေရာမျိုးစုံတွင် ကျင့်သုံးရန်အတွက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်သော နိုင်ငံတကာ ဖလှယ်ရေးနှင့် မျှဝေမှု ပလက်ဖောင်းအသစ်ကို ဖန်တီးသွားမည်ဖြစ်ပါသည်။


(အရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)
 

အရှေ့တောင်အာရှနိုင်ငံများ ပထမဆုံး Z· Art “စကြဝဠာ(Metaverse)”နိုင်ငံဖြတ်ကျော် အနုပညာ ပူးတွဲပြပွဲ တယ်ဟုန်ပြည်နယ်ခွဲတွင် ပြသ