တောင်ပေါ်ဒေသမှပြင်ပထွက်ခွာပြီး ပညာသင်ယူခဲ့ကြသည့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ စေတနာအလျှံပယ်ဖြင့် မွေးရပ်မြေကို ပြန်လာကာ ကျေးဇူးဆပ်

2022-08-12 17:35:51
အရင်းအမြစ်:芒市融媒体中心

တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ကျန်းတုန်ကျေးရွာ တာ့ရှင်းကျိုင်း မူလတန်းကျောင်း၌ ကျန်းတုန်ကျေးရွာ Boai ကျောင်းသားစေတနာ့ဝန်ထမ်းဝန်ဆောင်မှု အဖွဲ့မှ စေတနာ့ဝန်ထမ်းများသည် အဆိုပါကျောင်းမှ ကျောင်းသူကျောင်းသားများအား ဦးဆောင်ကာ “ဆောင်းဦးရာသီပုံရိပ်ပန်းချီရေးဆွဲခြင်းလှုပ်ရှားမှု”ကို ပြုလုပ်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်း ဆရာများ၏ လမ်းညွှန်မှုနှင့် ကူညီမှုအောက်တွင် ကလေးများသည် ဆောင်းဦးရာသီပုံရိပ်များကို ကျောက်တုံးများပေါ်တွင် ရေးဆွဲကြပါသည်။

“တာ့ရှင်းကျိုင်း မူလတန်းကျောင်းမှာ ဒီနှစ် Boai အတန်းရဲ့ တာဝန်ရှိသူအနေနဲ့ ကျွန်မဟာ အမိကျောင်းကို တစ်ဖန် ပြန်လာခဲ့ပြီ။ ”တရုတ်နိုင်ငံအရှေ့ပိုင်းဆရာအတတ်သင်တက္ကသိုလ် (East China Normal University)မှ တက္ကသိုလ်ကျောင်းသူ ခန်လီချွမ်သည် အထက်တန်းကျောင်းမှ ကျောင်းပြီးကတည်းက သူမ၏ ကျောင်းပိတ်ရက်များတွင် စေတနာ့ဝန်ထမ်းလုပ်ခဲ့ပါသည်။ သူမ၏ အမြင်အရ ကလေးများအား ဦးဆောင်ကာ ထိုကဲ့သို့သောလှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် ယင်းကလေးများ လေ့လာသင်ယူခြင်း၏ အရေးပါမှုကို နားလည်သဘောပေါက်စေနိုင်သည့်အပြင် ကြိုးပမ်းအားထုတ်လေ့လာဆည်းပူးရန်နှင့် မိမိ၏ ပန်းတိုင်များချမှတ်ကာ တစိုက်မတ်မတ် ဖော်ဆောင်ရန် လမ်းပြပေးနိုင်မည်ဖြစ်သည်။

လာမည့်စာသင်နှစ်တွင် လျူယီသည် ပဉ္စမတန်းတက်တော့မည်ဖြစ်သည်။ ယခုအကြိမ်လှုပ်ရှားမှုတွင် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများသည် သင်တန်းအကြောင်းအရာများကို ကြိုတင်လေ့လာရန် သူမအား ဦးဆောင်ခဲ့ပါသည်။ “ဆရာ၊ ဆရာမတွေဟာ ကျွန်မတို့နဲ့ ဂိမ်းဆော့ပြီး စာအုပ်တွေကို အတူတူ ဖတ်ကြပါတယ်။ စာအုပ်တွေကတစ်ဆင့် ကျွန်မတို့ဟာ ဗဟုသုတ များစွာ လေ့လာသင်ယူရခဲ့ပါတယ်။ ယင်းဆရာ၊ ဆရာမတွေကို ကျွန်မက ချစ်ခင်လေးစားပါတယ်။ ဒီကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့ အရမ်း ပျော်ပါတယ်”ဟု လျူယီက ပြောဆိုပါသည်။

ကျန်းတုန်ကျေးရွာ Boai ကျောင်းသားစေတနာ့ဝန်ထမ်းဝန်ဆောင်မှုအဖွဲ့သည် ၂၀၂၀ပြည့်နှစ်တွင် စာရင်းသွင်းကာ မှတ်တမ်းတင်ခဲ့ကြောင်း၊ စေတနာ့ဝန်ထမ်းများသည် Boai ပညာသင်ဆုများ ရရှိသည့် ကျန်းတုန်ကျေးရွာမှ ကျောင်းသူကျောင်းသားများဖြစ်ကြောင်း၊ ၎င်းသည် တက္ကသိုလ်ကျောင်းပြီးနောက် မိမိ၏ ဇာတိမြေ၏ထောက်ပံ့မှုကို မမေ့လျော့ဘဲ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပုံစံဖြင့် ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လည်ပေးဆပ်ခဲ့ကြောင်း သိရပါသည်။


(ဆောင်းပါးအရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ ၊ ဘာသာပြန် - Yunnan gateway)

တောင်ပေါ်ဒေသမှပြင်ပထွက်ခွာပြီး ပညာသင်ယူခဲ့ကြသည့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ စေတနာအလျှံပယ်ဖြင့် မွေးရပ်မြေကို ပြန်လာကာ ကျေးဇူးဆပ်