ဂျပန်အနေဖြင့် သမိုင်းသင်ခန်းစာယူပြီး စစ်အာဏာရှင်ဝါဒမှ လုံးဝဖြတ်တောက်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

2022-08-17 19:07:52
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Foreign Ministry website)

 

မကြာသေးမီက ဂျပန်နိုင်ငံ အစိုးရ အဓိကလူပုဂ္ဂိုလ်များ၏ ယာစုကုနိဗိမာန်နှင့်ပတ်သက်သည့် အပျက်သဘောဆောင်သော လှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် ဂျပန်နှင့် လေးနက်ပွင့်လင်းသော ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် သံတမန်လမ်းကြောင်းမှတစ်ဆင့် အဆိုပြုခဲ့ပြီး တရုတ်နိုင်ငံ၏ လေးနက်သော ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် သမိုင်းပေးသင်ခန်းစာများကို လေးလေးနက်နက် ယူပြီး စစ်အာဏာရှင်ဝါဒမှ လုံးဝဖြတ်တောက်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ယာစုကုနိဗိမာန်သည် ဂျပန်က ပြင်ပနိုင်ငံများကို ကျူးကျော်သည့် စစ်ဝါဒ၏ စိတ်ပိုင်းဆိုင်ရာ ကိရိယာနှင့် သင်္ကေတဖြစ်ပြီး ၎င်းတွင် ဒုတိယကမ္ဘာစစ်မှ အေအဆင့် စစ်ရာဇဝတ်ကျုးလွန်သူများကို ဂုဏ်ပြုထားရှိထားကြောင်း ဝမ်းဝန်ပင်းကဆိုသည်။ ဂျပန်အစိုးရအဓိကလူပုဂ္ဂိုလ်များ၏ ယာစုကုနိဗိမာန်နှင့် ပတ်သက်သည့် အပျက်သဘောဆောင်သည့် လှုပ်ရှားမှုများက ဂျပန်၏ သမိုင်းပြဿနာအပေါ် မှားယွင်းသော သဘောထားကို ထပ်မံပေါ်လွင်စေကြောင်းနှင့် တရုတ်နိုင်ငံသည် ဂျပန်နှင့် လေးနက်ပွင့်လင်းသော ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် သံတမန်လမ်းကြောင်းမှတစ်ဆင့် အဆိုပြုခဲ့ကာ တရုတ်နိုင်ငံ၏ လေးနက်သော ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

ဩဂုတ် ၁၅ ရက်သည် ဂျပန်စစ်ပွဲရှုံးနိမ့်ပြီး ခြွင်းချက်မရှိ လက်နက်ချခြင်း၏ ၇၇ နှစ်မြောက်ဖြစ်ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ လွန်ခဲ့သော ၇၇ နှစ်က တရုတ်ပြည်သူလူထုများသည် ကမ္ဘာ့ပြည်သူများနှင့် အတူ ဂျပန်စစ်ဝါဒီ ကျူးကျော်သူများနှင့် ဖက်ဆစ်ဝါဒကို အနိုင်ရခဲ့ပြီး တရားမျှတမှုက မတရားမှုကို အောင်နိုင်ခြင်း အလင်းက အမှောင်ကို အောင်နိုင်ခြင်း၊ တိုးတက်မှုက ဆန့်ကျင်သွေဖည်မှုကို အောင်နိုင်ခဲ့သည့် ကြီးမြတ်သော ‌အောင်မြင်ခြင်း ရရှိခဲ့ပြီး ယင်းအောင်မြင်ခြင်းက တရုတ်လူမျိုးနှင့် လူသားအားလုံး၏ တရားမျှတသော မှတ်တမ်းတွင် ထာဝရရေးထွင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သမိုင်းနောက်ပြန်ဆုတ်ရန် ရည်ရွယ်သူသည် လွဲမှားသော လမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းမိမည်မှာ သေချာကြောင်း ဝမ်းဝန်ပင်းကဆိုသည်။ ဂျပန်အနေဖြင့် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းကို ခိုင်ခိုင်မာမာ လျှောက်လှမ်းမှသာလျှင် ၎င်း၏ မှန်ကန်သော အနေအထားကို ရှာဖွေနိုင်မည်ဖြစ်သည်။ ဂျပန်အနေဖြင့် သမိုင်းပေးသင်ခန်းစာများကို လေးလေးနက်နက်ခံယူပြီး စစ်အာဏာရှင်ဝါဒမှ လုံးဝဖြတ်တောက်ကာ ၎င်း၏ အာရှအိမ်နီးချင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ယုံကြည်မှု ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်အနေဖြင့် သမိုင်းသင်ခန်းစာယူပြီး စစ်အာဏာရှင်ဝါဒမှ လုံးဝဖြတ်တောက်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား