ယူနန်မှ တောမှိုများ အမြန်ရထားဖြင့် တရုတ်နိုင်ငံအနှံ့အပြားသို့ အရောက်ပို့ဆောင်လျက်ရှိ

2022-08-18 19:45:25
အရင်းအမြစ်:“中国铁路”微信公众号

ဇူလိုင်လနှင့်သြဂုတ်လတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်း၊ နန်ဟွာနှင့် လင်ချမ်း စသည့်ဒေသများ၌ တောမှိုအထွက်များသောအချိန်ကာလဖြစ်သည်။ အမြန်ရထားလမ်း၏ အကျိုးသက်ရောက်မှုကြောင့် တောမှိုများသည် ယူနန်မှ တရုတ်တစ်နိုင်ငံလုံးရှိ နေရာအသီးသီးသို့ အရောက်ပို့ဆောင်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ ပြည်သူပြည်သားများသည် ယူနန်တောမှိုကို လတ်ဆတ်စွာ စားသုံးနိုင်ကြပါသည်။ တရုတ်မီးရထား ကူမင်းကုမ္ပဏီလီမိတက်သည် သြဂုတ်လ ၁၁ ရက်နေ့အထိ တောမှို တန် ၁၅၀ ကို သယ်ယူပို့ဆောင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ်- တရုတ်မီးရထား wechat အကောင့်၊ ဘာသာပြန်- Yunnan gateway)
 

ယူနန်မှ တောမှိုများ အမြန်ရထားဖြင့် တရုတ်နိုင်ငံအနှံ့အပြားသို့ အရောက်ပို့ဆောင်လျက်ရှိ