ယူနန်မန်စီ။ ။ လမ်းဘေးတွင် အသီးပင်များစွာရှိပြီး ရင့်မှည့်အသီးများကို အခမဲ့ပေးဝေ

2022-08-18 19:47:36
အရင်းအမြစ်:新华网

ယခုရက်ပိုင်း ယူနန်မန်စီမြို့ရှိ ကားလမ်းဘေးတွင်စိုက်ပျိုးထားသော လေချူသီး (တောကြက်မောက်သီး)များ ရင့်မှည့်လာပြီဖြစ်သည်။ ဒေသဆိုင်ရာဌာနများမှဝန်ထမ်းများက ခူးယူပြီး ခူးယူရရှိ‌သော လေချူသီးများကို မြို့သူမြို့သားများထံ အခမဲ့ပေးဝေလျက်ရှိပါသည်။

မန်စီမြို့သည် တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိပြီး “ပန်းမန်သစ်သီးမြို့တော်”ဟုအမည်တွင်ပါသည်။ မြို့တွင်းကားလမ်းဘေးနှစ်ဖက်တွင် ပိန္နဲသီး၊ သရက်သီး၊ လေချူသီး၊ ကျွဲကော်သီးစသည့် သီးပင်စားပင်များကို စိုက်ပျိုးထားသည်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ၊ သြဂုတ်လရောက်တိုင်း ပိန္နဲသီး၊ သရက်သီးစသည့် အသီးများမှည့်သည့်အချိန်ဖြစ်သည်။ ထိုအချိန်အခါ၌ သက်ဆိုင်ရာဌာနများမှ သစ်သီးများကိုခူးယူပြီး မြို့သူမြို့သားများအား ဝေပေးသည်။ ထို့နောက် ရပ်ကွက်၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းများသို့ ပို့ဆောင်ပြီး ဝင်ငွေနည်းပါးသူများ၊ သက်ကြီးရွယ်အိုများ၊ ခိုကိုးရာမဲ့လူအုပ်စုများထံ မေတ္တာများပေးပို့လျက်ရှိပါသည်။
(သတင်းရင်းမြစ်၊ Xinhua ၊ Guangming ကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)

 

ယူနန်မန်စီ။ ။ လမ်းဘေးတွင် အသီးပင်များစွာရှိပြီး ရင့်မှည့်အသီးများကို အခမဲ့ပေးဝေ