“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ဖွင့်ပွဲကို တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့တွင် ကျင်းပ

2022-08-19 18:12:45
အရင်းအမြစ်:新华社

"နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂" "Sea Cup" ဖွင့်ပွဲကို သြဂုတ် ၁၇ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲသည် တရုတ်နိုင်ငံရေတပ်မှ ပထမဆုံးအကြိမ်ဦးစီးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး တတိယအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ဖွင့်ပွဲကို သြဂုတ် ၁၇ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

“Sea Cup” ပြိုင်ပွဲသည် ရေပြင်၌ စစ်သင်္ဘောများ ကျွမ်းကျင်ရေးဆိုင်ရာ ပြိုင်ပွဲဖြစ်ပြီး တရုတ်၊ ရုရှားနှစ်နိုင်ငံမှ ပင်လယ်ပြင်ပစ်ခတ်မှု၊ လေကြောင်းရန်ကာကွယ်ရေး၊ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး၊ ရေမြုပ်မိုင်းရှင်းလင်းရေး၊ ပင်လယ်ဓားပြအကြမ်းဖက်တိုက်ဖျက်ရေး စသည့်လေ့ကျင့်ခန်းများကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၂၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ဖွင့်ပွဲကို တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်မြို့တွင် ကျင်းပ