“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပိတ်ပွဲအခမ်းအနားကျင်းပ၊ တရုတ်ရေတပ်အဖွဲ့က ပြိုင်ပွဲနှစ်ခုတွင် ပထမရရှိ

2022-08-22 19:05:45
အရင်းအမြစ်:新华社

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပြိုင်ပွဲကို သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

 

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်သည့် တရုတ်ရေတပ်အဖွဲ့က ပြိုင်ပွဲနှစ်ခုတွင် ပထမရရှိခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲသည် တရုတ်နိုင်ငံရေတပ်မှ ပထမဆုံးအကြိမ်ဦးစီးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး သြဂုတ် ၁၇ ရက် ပြိုင်ပွဲစတင်ချိန်မှစ၍ တရုတ်-ရုရှားနှစ်နိုင်ငံက ပင်လယ်ဓားပြအကြမ်းဖက်တိုက်ဖျက်ရေး ၊ လေကြောင်းရန်နှင့် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး၊ ပင်လယ်ပြင်ပစ်ခတ်ရေး၊ ရေမြုပ်မိုင်းရှင်းလင်းရေး စသည့်လေ့ကျင့်ခန်း ၄ ခု ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပြိုင်ပွဲကို သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပြိုင်ပွဲကို သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ချင်းသောင်အနီးတစ်ဝိုက် ရေပိုင်နက်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

ဒိုင်အဖွဲ့၏ စီရင်ဆုံးဖြတ်ချက်အရ တရုတ်ဘက်မှ စစ်သင်္ဘောပဲ့ထိန်းဒုံးကျည် လေကြောင်းရန် ကာကွယ်ရေးနှင့် ပင်လယ်ပြင်သို့ ဒုံးကျည်ပစ်ခတ်ခြင်းတို့တွင် ပထမရရှိခဲ့ပြီး ရုရှားဘက်မှ ပင်လယ်ဓားပြအကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရေမြုပ်မိုင်းရှင်းလင်းပစ်ခတ်ရေးတို့တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂” “Sea Cup” ပိတ်ပွဲအခမ်းအနားကျင်းပ၊ တရုတ်ရေတပ်အဖွဲ့က ပြိုင်ပွဲနှစ်ခုတွင် ပထမရရှိ