ရထားလမ်းကြောင်းသစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံကို ချိတ်ဆက်ပေးလျက်ရှိ

2022-08-24 19:47:21
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာ ဆိပ်ကမ်းအား ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာမည့် ကုန်တင်ရထားတစ်စီးသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းနိုင်ငံတကာ ဆိပ်ကမ်းမှ ဩဂုတ် ၂၃ ရက်က စတင်ထွက်ခွာသွားပြီဖြစ်ရာ ၎င်းမှာ ဆန်ရှီးပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံကို ချိတ်ဆက်သည့် ပထမဆုံး တရုတ်-ဗီယက်နမ် ကုန်တင်ရထားလမ်းကြောင်း ဖြစ်သည်။

ကျောက်ဂွမ်းများတင်ဆောင်ထားသော ရထားတွဲ ၄၁ တွဲပါရှိသည့် အဆိုပါရထားသည် တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုဖြင့် ကာဇက်စတန်နိုင်ငံမှ ရှီအန်းသို့ သယ်ယူပို့ဆောင်လာခြင်းဖြစ်သည်။
ယခင်က သမားရိုးကျ ရထားလမ်း-ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ရှီးအန်းမှ ဗီယက်နမ်သို့ သယ်ယူပို့ဆောင်မည်ဆိုလျှင် ရက်ပေါင်း ၂၀ ခန့် ကြာမြင့်မည် ဖြစ်သည်။
တရုတ်-ဗီယက်နမ် ကုန်ရထားလမ်းကြောင်းသည် ကွမ်ရှီးရှိ ဖိန်ရှန်းဆိပ်ကမ်းကို ဖြတ်သန်းသွားခြင်းကြောင့် ခရီးကြာမြင့်ချိန်သည် ၈ ရက်ထိ တိုတောင်းသွားပြီး ခရီးအကွာအဝေး စုစုပေါင်းအရှည် ၂,၃၈၄ ကီလိုမီတာ ရှိကြောင်း သိရသည်။

ယခုနှစ် ပထမ ၇ လတာကာလအတွင်း တရုတ်-အာဆီယံကြား ကုန်သွယ်မှု စုစုပေါင်း ပမာဏသည် ယွမ် ၃.၅၃ ထရီလီယံ(ကန်ဒေါ်လာ ၅၁၄.၃ ဘီလီယံခန့်) ရှိကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေးကြာမြင့်ချိန် လျော့လာသည်နှင့်အမျှ ကုန်တင်ရထားဝန်ဆောင်မှုသစ်များက အာဆီယံဈေးကွက်တွင် တရုတ်စီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းကို အထောက်အကူပြုမည်ဖြစ်သည်။ (Xinhua)

ရထားလမ်းကြောင်းသစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံကို ချိတ်ဆက်ပေးလျက်ရှိ