“လူသား ပန်ဒါ”လာပါပြီ။ ပန်ဒါ-- တစ်ခုခုတော့လွဲနေသလိုပဲ ပြောလို့လည်းမထွက်ဘူး
ယခုရက်ပိုင်းတွင် ဝန်ထမ်းများမှ ပန်ဒါဝတ်စုံဝတ်ပြီး မွေးကင်းစပန်ဒါလေးများကို ပြုစုပေးနေသည့် ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ရေပန်းစားလာခဲ့ရာ ဆွေးနွေးကြရသည့်အထိ ဖြစ်ပေါ်လာခဲ့သည်။
တောထဲသို့ပြန်ပို့မည့်ပန်ဒါများကို “လူသားအနံ့အသက်ကင်းရှင်းရေး” မှတ်ဉာဏ်ပေးနိုင်ရန်အတွက် ဝန်ထမ်းများသည် အထူးပြုလုပ်ထားသော ဝတ်စုံများဝတ်ဆင်ကာ ပန်ဒါများနှင့်အတူ ရင်းနှီးစွာ ဆက်ဆံပြီး ပြုစုပေးလျက်ရှိပါသည်။
ပေကျင်းဆရာနည်းပြတက္ကသိုလ် ဘဝသိပ္ပံဌာနပါမောက္ခ လျှိုတင်ကျိန်သည် စာဖတ်သူများအတွက် ဗဟုသုတပညာရပ် မျှဝေပေးခဲ့သည်။ မှတ်သားခြင်းလုပ်ဆောင်မှုကို မှတ်ဉာဏ်လုပ်ဆောင်မှုဟုလည်းခေါ်သည်။ တိရစ္ဆာန်သွားလာနေထိုင်ခြင်းပညာရပ်တွင် သာမန်လုပ်ဆောင်မှုတစ်ရပ်သာဖြစ်သည်။ ဥပမာအားဖြင့် ဘဲငန်းနှင့်ဘဲငန်းကဲ့သို့သော ငှက်မျိုးနွယ်များသည် အခွံမှပေါက်ဖွားသည့်အခါ ပထမဆုံးတွေ့မြင်သော သက်ရှိသတ္တဝါကို မိမိ၏ မိရင်းဖရင်းအဖြစ် မှတ်သားလေ့ရှိသည်။ ထိုကဲ့သို့ပုံစံတူအခြေအနေကို နို့တိုက်သတ္တဝါများတွင်လည်း တွေ့မြင်နိုင်ပါသည်။
ဝန်ထမ်းများသည် ပန်ဒါဝတ်စုံများဝတ်ဆင်ပြီး မွေးကင်းစပန်ဒါလေးများကို ပြုစုခြင်းသည် ၎င်းတို့၏ မှတ်သားခြင်းလုပ်ဆောင်မှုကြောင့် လူသားများအပေါ် မှီခိုစိတ်ဖြစ်ပေါ်ြခင်းမှ ရှောင်ကျဉ်နိုင်မည် ဖြစ်သည်။ နောင်တွင် ၎င်းတို့ကို တောထဲသို့ ပြန်လည်လွတ်ပေးသည့်အခါ လူသားများကိုတွေ့မြင်ပါက အနီးသို့ရင်းနှီးစွာ လာရောက်မည် မဟုတ်ဘဲ ရှောင်သွားမည်ဖြစ်ပါသည်။ ဝန်ထမ်းများသည် ပန်ဒါများ၏ ဝမ်းနှင့်ဆီးအနံ့များကို ပန်ဒါဝတ်စုံပေါ်တွင် သုတ်လိမ်းထားပြီး ပန်ဒါနှင့်ပိုပြီး“တူ”အောင် လုပ်ဆောင်လေ့ ရှိပါသည်။
သတင်းရင်းမြစ်၊ CCTV သတင်း။ ဘာသာပြန်၊ Yunnan gateway