“၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ” စတင်

2022-08-25 19:02:34
အရင်းအမြစ်:人民网

“၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ” ကျင်းပရေးကော်မတီသည် ပြိုင်ပွဲဝင်လက်ရာများဖိတ်ခေါ်ခြင်းလုပ်ငန်းကို စတင်ခဲ့ကြောင်း လတ်တလောရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတကာဒီဇိုင်းနာများ၊ ဒီဇိုင်းတီထွင်ခြင်းကြိုက်နှစ်သက်သူ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။ နိုင်ငံတကာဒီဇိုင်းနာများ၏ တီထွင်ဖန်တီးမှုစွမ်းအားများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ မွန်မြတ်သော လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို အနုပညာနှင့် အလှတရားတည်း ဟူသောပုံစံဖြင့် သရုပ်ဖော်စေ ခြင်းဖြစ်သည်။ လန်ချမ်း-မဲခေါင်မြစ်ဝှန်းတစ်လျှောက် နိုင်ငံအသီးသီးမှ ဒီဇိုင်းတီထွင်ခြင်းယဉ်ကျေးမှု ဖလှယ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲသည် “အနာဂတ်ကိုပုံဖော်ခြင်း” ပိုစတာဒီဇိုင်းရေးဆွဲခြင်းနှင့် ကြိမ်ထည်ယက်လုပ်ခြင်းဟူ၍ ပြိုင်ပွဲ အမျိုးအစား နှစ်မျိုးပါရှိသည်။ ပြိုင်ပွဲဝင်သူများသည် လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော ယုံကြည်မှုကို စိတ်ကူးပုံဖော်ကာ ပိုစတာဒီဇိုင်းရေးဆွဲခြင်းနှင့် ကြိမ်ထည်ယက်လုပ်ခြင်း(Flexibility)လိုက်လျောညီထွေသော၊ (Simplicity) ရိုးရှင်းသော၊ (Solidity) ခိုင်ခန့်သော အနုပညာလက်ရာများကို ဖန်တီးနိုင်အောင် အားပေးတိုက်တွန်းထားသည်။ လန်ချမ်း-မဲခေါင်မြစ်ဝှမ်းတလျှောက် နိုင်ငံအသီးသီး၏ ပြည်သူလူထုများမှ မိမိ၏စိတ်ကူးစိတ်သန်းများကို ကိုယ်တိုင်ယက်လုပ်ခြင်း၊ ကောင်းမွန်သောအနာဂတ်အတွက် ကြိုးပမ်းအားထုတ်ခြင်းဖြင့် အတွေးအမြင်များနှင့်လက်ရာများကို ပေါ်လွင်အောင်ဖန်တီးရမည်ဖြစ်သည်။ လန်ချမ်း-မဲခေါင်မြစ်ဝှမ်းဒေသ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတီထွင်ဖန်တီးခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ကောင်းကျိုးမျှဝေခံစားခြင်း စသည့်အနာဂတ်ရည်မှန်းချက်များကိုလည်း ထင်ရှားပေါ်လွင်စေရမည်ဖြစ်ပါသည်။


ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့်လက်ရာများကို အောက်တိုဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားလက်ခံမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ဆုရသူများအားလုံးကို‌ ရွေးချယ်ကြေညာပေးမည်ဖြစ်သည်။ အခြေအနေအရ ဆုပေးပွဲအခမ်းအနား၊ ပြပွဲ၊ ပန်းချီစာအုပ် ထုတ်ဝေခြင်းစသည့် လှုပ်ရှားမှုအစီအစဉ်များကို စီစဉ်ပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဆုရပိုစကားများအချို့လည်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ ကြိမ်ထည်အစည်းအဝေးပွဲသို့ ပြသရန်ကိုလည်းစီစဥ်ပေးမည်ဖြစ်သည်။

ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့်သူများသည် ပြိုင်ပွဲ၏ဝပ်ဆိုက် www.lmcda.org.cn တွင် “လက်ရာအချက်အလက်ဇယား” ကို ဒေါင်းလုဒ်ပြုလုပ်ပြီး အချက်အလက်များဖြည့်သွင်းကာ မှတ်ပုံတင်လွှာ၊ ပြိုင်ပွဲဝင်လက်ရာနှင့်အတူ အီးမေးလ်ဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ ပေးပို့ရမည်ဖြစ်သည်။

“၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ” သည် တရုတ်နိုင်ငံ နိုင်ငံခြားစာပေထုတ်ဝေဖြန့်ဖြူးရေးစင်တာ (အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ)၊ နိုင်ငံတကာကြိမ်ထည်အသင်းအဖွဲ့၊ တရုတ်အနုပညာကောလိပ်၊ ယူနန်တက္ကသိုလ်၊ ယူနန်ပြည်နယ်တောင်အာရှ အရှေ့တောင်အာရှဒေသ အပြည်ပြည်ဆိုင်ရာသတင်းပြန်ကြားရေးစင်တာ၊ ထိုင်းနိုင်ငံဘန်ကောက်တက္ကသိုလ်၊ လာအိုနိုင်ငံအမျိုးသားတက္ကသိုလ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၊ ကမ္ဘောဒီးယားနိုင်ငံ လန်ချမ်း-မဲခေါင်တက္ကသိုလ်၊ မြန်မာနိုင်ငံဖုချင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာန စသည့်ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပေကျင်း MW ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

(သတင်းရင်းမြစ်၊ ပြည်သူ့ကွန်ရက်)
 

“၂၀၂၂ ခုနှစ် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ” စတင်