“စစ်အေးခေတ်သစ်” သို့ ကမ္ဘာကြီး ဦးတည်မှုကို လုံးဝခွင့်မပြုနိုင်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ပြောကြား
2022-08-26 13:54:11
အရင်းအမြစ်:新华社
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သော ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲအတွင်း ပါဝင်ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သော ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲအတွင်း ပါဝင်ပြောကြားခဲ့ရာ ကမ္ဘာကြီးအား “စစ်အေးခေတ်သစ်” သို့ ဦးတည်ခြင်းကို လုံးဝခွင့်မပြုနိုင်ဟု ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် နေတိုးအဖွဲ့ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍများကို သေချာဆန်းစစ်ဆင်ခြင်သင့်ရာ ငြိမ်းချမ်းရေး မြှင့်တင်မှုကို အမှန်တကယ် အထောက်အကူပြုသည့် လုပ်ငန်းများ၌ အားစိုက်၊အာရုံစိုက်ရမည် ဖြစ်ပြီး မီးလောင်ရာလေပင့် လုပ်ဆောင်ရမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)