အရပ် ၁.၁ မီတာသာရှိ လူပုမေမေသည် ဆင်းရဲသောကျောင်းသူကျောင်းသား အယောက် ၃၀ ကို ငွေကြေးထောက်ပံ့

2022-08-31 20:37:32
အရင်းအမြစ်:央视新闻

ယခုရက်ပိုင်းတွင် အမ်းဟွေးပြည်နယ် ဟော်ဖီမြို့ရှိ လူပုမေမေ၏ မိုးလင်းခါနီး စျေးသိမ်းပြီး အိမ်ပြန်သည့်ဓာတ်ပုံသည် တရုတ်လူမှုကွန်ရက်တွင် အာရုစိုက်မှုများစွာ ခံနေရပါသည်။ အရပ် ၁.၁ မီတာသာရှိသော လူပုမေမေ Peng Xia သည် ဆင်းရဲသောကျောင်းသူကျောင်းသား အယောက် ၃၀ ကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း သတင်းအရ သိရပါသည်။

Peng Xia သည် ယခုနှစ်တွင် အသက် ၄၅ နှစ်ရှိပြီဖြစ်ပြီး သူ့မိခင် ကိုယ်ဝန်ဆောင်စဉ် ဆေးသောက်မှားသဖြင့် သူမွေးစကစပြီး အခြားကလေးနှင့်မတူညီခြင်းကို သတိပြုမိခဲ့ပါသည်။ အသက်ကြီးပြင်းလာပြီးနောက် သူ့အရပ်သည် ၁.၁ မီတာခန့်သာရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် Peng Xia သည် အမျိုးသားဖြစ်သူ Fu Yinghui နှင့်ဆုံတွေ့ပြီး အိမ်ထောင်ပြုခဲ့သည်။ Fu Yinghui သည် cerebral palsy ရောဂါရှိသည်။ သူတို့လင်မယားနှစ်ဦးသည် လွန်ခဲ့သော ၁၀ နှစ်ကျော်အတွင်း လေဘူဖောင်းရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် Peng Xia သည် ဆင်းရဲနွမ်းပါးသော တက္ကသိုလ်ကျောင်းသားများဆိုင်ရာသတင်း ဖတ်ရှုပြီးနောက် စိတ်ထိခိုက်မိခဲ့သည်။ သူသည် ခင်ပွန်းဖြစ်သူ Fu Yinghui နှင့် ဆွေးနွေးပြီးနောက် မိမိတို့၏နည်းပါးသော ဝင်ငွေမှ အချို့ ကိုထုတ်ယူပြီး ၎င်းကျောင်းသားများကို ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုအချိန်ထိ သူတို့လင်မယားနှစ်ဦးသည် ဆင်းရဲနွမ်းပါး ကျောင်းသူကျောင်းသား အယောက် ၃၀ အတွက် ငွေကြေးဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။ ၎င်းတို့အနက် မူလတန်းကျောင်းသူကျောင်းသား ၂၄ဦး၊ တက္ကသိုလ်ကျောင်းသူကျောင်းသား ၆ ဦးအပါအဝင်ဖြစ်သည်။


(သတင်းရင်းမြစ်- CCTV news ၊ ဘာသာပြန်- Yunnan gateway)
 

အရပ် ၁.၁ မီတာသာရှိ လူပုမေမေသည် ဆင်းရဲသောကျောင်းသူကျောင်းသား အယောက် ၃၀ ကို ငွေကြေးထောက်ပံ့