၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး(အော်ဟိုင်)ဖိုရမ်တွင် ကမ္ဘာ့သက်ရှိ အေးအတူပူအမျှအသိုက်အဝန်း အတူလက်တွဲပူးပေါင်းတည်ဆောက်ရန် တင်ပြခဲ့

2022-09-01 11:18:26
အရင်းအမြစ်:云南日报

၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး(အော်ဟိုင်)ဖိုရမ်ကို သြဂုတ်လ (၂၈) ရက်နေ့မှ (၂၉)ရက်နေ့ထိ ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့တွင် ကျင်းပခဲ့ပါသည်။

ယခုအကြိမ်ဖိုရမ်တွင် အဓိကဖိုရမ်နှင့် တပြိုင်တည်းကျင်းပသည့် ဖိုရမ်ခွဲ(၅)ခုရှိသည်။ ဖိုရမ်တွင် ပါဝင်တက်ရောက်ကြသည့် ပြည်တွင်းပြည်ပဧည့်သည်များနှင့် “ကမ္ဘာ့သက်ရှိအေးအတူပူအမျှ အသိုက်အဝန်း အတူလက်တွဲပူးပေါင်းတည်ဆောက်ခြင်း”ခေါင်းစဉ်ကိုဝိုင်းရံပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှု တည်ဆောက်ရေးလုပ်ငန်းကို အတူဆွေးနွေးခဲ့ပါသည်။ ယခုနှစ်အော်ဟိုင်ဖိုရမ် ထပ်မံကျင်းပခြင်းသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်ဖလှယ်ရေးကို ပိုမိုနက်ရှိုင်းစေရန်၊ လှပသောကမ္ဘာမြေကြီးကို မည်သို့တည်ဆောက်သန့်စင်လုပ်ဆောင်ရန် ဆွေးနွေးခြင်း စသည်တို့အတွက် အရေးပါသော လက်တွေ့ကျသော အနက်အဓိပ္ပါယ်ရှိပါသည်။

ဖိုရမ်သို့တက်ရောက်သော ပြည်ပကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၏ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံမှ တစ်ကမ္ဘာလုံးဆိုင်ရာ သက်ရှိအေးအတူပူအမျှတူအသိုက်အဝန်းကို တည်ဆောက်သည့် လုပ်ငန်းစဉ်အတွင်း၌ ပိုမိုကြီးမားသော လုပ်ဆောင်ချက်လုပ်ဆောင်ရန် အထူးမျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်မှု စသည့်နယ်ပယ်တို့တွင် ပူး‌ပေါင်းဆောင်ရွက်မှုလုပ်ဆောင်လိုကြောင်း ပြောဆိုခဲ့ကြပါသည်။


(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ပုံ၊ ချိန်ဖေး)
 

၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး(အော်ဟိုင်)ဖိုရမ်တွင် ကမ္ဘာ့သက်ရှိ အေးအတူပူအမျှအသိုက်အဝန်း အတူလက်တွဲပူးပေါင်းတည်ဆောက်ရန် တင်ပြခဲ့