တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများက ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများ၏အသက်များကို ကာကွယ်ပေးသလို စီးပွားရေးတိုးတက်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိ

2022-09-05 19:19:18
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများ၏အသက်ကို ကာကွယ်ပေးသည်သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းပဲ မြှင့်တင်ပေးလျက်ရှိကြောင်း ပညာရှင်တစ်ဦးက ဩဂုတ် ၃၁ ရက်က ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေအများစု COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ယမန်နှစ် နိုဝင်ဘာလမှစ၍ ကဏ္ဍအားလုံး၌ လူမှုစီးပွားရေးလှုပ်ရှားမှုများ အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်းနှင့် ခရီးသွားများအနေဖြင့် ကွာရန်တင်း (quarantine) ဝင်ရောက်ရန်မလိုဘဲ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ပထမဆုံးအကြိမ် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူမည့် မိန်းကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကာကွယ်ဆေးထိုးနှံခြင်း ကမ်ပိန်းများတွင် အသုံးပြုသော ကာကွယ်ဆေးအများစုမှာ တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm တို့ဖြစ်သည်။


‘‘တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါဖြစ်ပွားတဲ့ အစောပိုင်းနေ့ရက်တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို ကူညီခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်တယ်’’ ဟု ဖနွမ်းပင် အခြေစိုက် Asian Vision Institute မှ သုတေသနအဖွဲ့ဝင် Thong Mengdavid က ဆင်ဟွာသို့ ပြောခဲ့သည်။ ‘‘အင်မတန်စောတဲ့အချိန်ကစပြီး တရုတ်နိုင်ငံကို ကမ္ဘောဒီးယားရဲ့ မဟာဗျူဟာမြောက် ကာကွယ်ဆေးပံ့ပိုးသူအဖြစ် ရွေးချယ်ခဲ့တာဟာ အလွန်မှန်ကန်ပါတယ်’’

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများဖြင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ပြီးမြောက်နိုင်ရန်၊ လူထုကိုယ်ခံအားစနစ် အားကောင်းစေရန်နှင့် နိုင်ငံ၏ စီးပွားရေးနှင့် နယ်စပ်များအား ယုံကြည်မှုရှိရှိဖြင့် ပြန်လည်ဖွင့်လှစ်ရန် ‌ဆောင်ရွက်နိုင်မည်ဟု ၎င်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများက ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများ၏အသက်များကို ကာကွယ်ပေးသလို စီးပွားရေးတိုးတက်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိ