တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်ကို ရန်ကုန် Bowen ကျောင်းတွင် ကျင်းပခဲ့

2022-09-08 11:38:12
အရင်းအမြစ်:云南日报

တရုတ်ရိုးရာပွဲတော်လမုန့်ပွဲတော် နီးကပ်လာချိန် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာသည် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဥ်ကို ရန်ကုန် Bowen ကျောင်းတွင် ကျင်းပခဲ့ပြီး ရုပ်ရှင်မှတ်တမ်း ၃ ခုကို ကျောင်းသူကျောင်းသားများအတွက် တင်ဆက်ပြသခဲ့ပါသည်။

လမုန့်ပွဲတော်သည် တရုတ်လူမျိုး၏ ရိုးရာပွဲတော်ဖြစ်ပြီး မိသားစုများစည်းလုံးညီညွတ်ခြင်း၊ ကောင်းမွန်သောနေထိုင်မှုဘဝအတွက် မျှော်လင့်သောဆန္ဒထားရှိခြင်းဟူသော မင်္ဂလာဆောင်အဓိပ္ပါယ်ကို ဖော်ဆောင်နေသည်။ ရန်ကုန်တရုတ်ယဥ်ကျေးမှုစင်တာသည် တရုတ်ရုပ်ရှင်များတင်ဆက်ပြသခြင်း၊ တရုတ်ယဥ်ကျေးမှုကို ခံစားခြင်းစသည်တို့ဖြင့် မြန်မာကျောင်းသူကျောင်းသားများနှင့်အတူ လမုန့်ပွဲတော်ကို ကြိုဆိုခဲ့ပါသည်။

အဆိုပါမှတ်တမ်းရုပ်ရှင်ပွဲတော်တွင် ရန်ကုန် Bowen ကျောင်းမှ ဆရာဆရာမနှင့် ကျောင်းသူကျောင်းသား ၄၀၀ ကျော်အတွက် တရုတ်ရုပ်ရှင်များဖြစ်သော “ရုပ်သေးဇာတ်ပွဲ” “San xing dui အမွေအနှစ် များရှိရာဒေသတွင် ပျောက်ဆုံးသော ယဥ်ကျေးမှုကို ပြန်လည်ရှာတွေ့” “ရွှေပြောင်းနိုင်သောရုပ်ရှင်ရုံ” စသည့် တရုတ်မှတ်တမ်းရုပ်ရှင် ၃ ခုကို တင်ဆက်ပြသခဲ့ကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ်- ယူနန်နေ့စဥ်သတင်းစာ)

တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်ကို ရန်ကုန် Bowen ကျောင်းတွင် ကျင်းပခဲ့