တရုတ်နှင့် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်

2022-09-08 11:49:28
အရင်းအမြစ်:新华社

၂၀၂၀ ပြည့်နှစ် ဇွန်လမှစတင်ပြီး ဘရာဇီးနိုင်ငံ Butan Tan သုတေသနအကယ်ဒမီနှင့် တရုတ်နိုင်ငံ SINOVAC BIOTECH ကုမ္ပဏီလီမိတက်တို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအဆင့် လက်တွေ့အသုံးပြု စမ်းသပ်ခြင်းအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များစွာလုပ်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းတွင် SINOVAC BIOTECH ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော CoronaVac ကိုဗစ်ကာကွယ်ဆေးအား ဘရာဇီးနိုင်ငံ ကျန်းမာရေးကြီးကြပ်ရေးဌာနမှ အရေးပေါ်အသုံးပြုခွင့်ကို ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လအထိ၊ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံအတွက် ပုလင်းဖြည့်သွင်းရန်အဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၆.၆ သောင်း လီတာကို တင်ပို့ခဲ့ပြီး အရည်ဖြည့်ထုပ်ပိုးပြီးကာကွယ်ဆေးပမာဏ အလုံးရေ ၁၀၇ သန်း ရှိကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ်- Xinhua ၊ ပုံ၊ Butan Tan သုတေသနအကယ်ဒမီ၊ ဘာသာပြန်- Yunnan gateway)

 

တရုတ်နှင့် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်