အမျိုးသားတစ်ဦးသည် မိုးပျံပူဖောင်းဖြင့် (၃၀၀)ကီလိုမီတာကျော် လွင့်မျောခဲ့

2022-09-13 18:01:18
အရင်းအမြစ်:央视新闻

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံဟေးလုံကျန်း မိန်လင်သစ်တောဦးစီးဌာန ကုမ္ပဏီလီမိတက် တောင်ပေါ်လုပ်ငန်းလည်ပတ်လုပ်ဆာင်ကွင်းအတွင်း၌ မစ္စတာဟူနှင့် လုပ်ငန်းလုပ်ဆောင်သူတစ်ဦးသည် မိုးပျံပူဖောင်းကိုအသုံးပြုပြီး ထင်းရှူးအခွံမာသီးများ ရိတ်သိမ်းသည့်အခါ မိုးပျံပူဖောင်းသည် ထိန်းချုပ်၍မရဘဲ မိုးပေါ်သို့ ပျံတက်သွားသည်။ ၎င်းတို့ထဲမှတစ်ဦးသည် သစ်ကိုင်းကိုဆွဲကိုင်ထားပြီး မိုးပျံပူဖောင်းပေါ်မှ ခုန်ချနိုင်ခဲ့သော်လည်း မစ္စတာဟူကမူ မိုးပျံပူဖောင်းနှင့်အတူ လွင့်မျောခဲ့သည်။ နှစ် ရက်ကြာ ကယ်ဆယ်ရေးဆက်တိုက်လုပ်ဆောင်ခဲ့ရာ မစ္စတာဟူကို ရှာဖွေတွေ့ရှိခဲ့ပြီး ခါးပိုင်းဒဏ်ရာ အနည်းငယ်ရရှိသော်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါသည်။

သစ်တောထဲတွင် နှစ်ညတာ မိုးရွာသွန်းပြီး အပူချိန်နိမ့်ခြင်း၊ ဆာလောင်ခြင်း၊ နာကျင်ခြင်း၊ ဆက်သွယ်ရေးလိုင်းပြတ်တောက်ခြင်းများကြောင့် မစ္စတာဟူသည် လက်လွတ်အရှုံးပေးလိုခဲ့သည်ကို ပြန်လည်တွေးပြီး ကယ်ဆယ်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါသည်။

(သတင်းရင်းမြစ်၊ CCTV News ။ ဘာသာပြန်၊ Yunnan gateway)
 

အမျိုးသားတစ်ဦးသည် မိုးပျံပူဖောင်းဖြင့် (၃၀၀)ကီလိုမီတာကျော် လွင့်မျောခဲ့